နိုင်ငံရပ်ခြားမှာအခြေချနေထိုင်နေတဲ့ အက်ရှင်မင်းသားကြီးရဲမင်းပိုင်ကတော့ မကြာသေးခင်က မြန်မာနိုင်ငံပြန်လည်ရောက်ရှိလာခဲ့ပြီး အနုပညာလုပ်ငန်းတွေပြန်လည်လုပ်ကိုင်လျက်ရှိပါတယ်။သူကတော့ အနုပညာလောကထဲ ပြန်လည်ရောက်ရှိလာခဲ့ပြီးဇာတ်ကားတွေပြန်လည်ရိုက်ကူးနေတဲ့အပြင် သူကိုယ်တိုင်ဖန်တီးထားတဲ့အနုပညာစစ်စစ် ဇာတ်အိမ်လေးနှစ်ခုကိုလည်း ထုတ်ပြလာခဲ့ပါတယ်။ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့အဖိုးတန်အနုပညာစစ်စစ်ဖန်တီးမှုလက်ရာ ဇာတ်အိမ်လေးတွေကတော့ ပရိသတ်အချစ်တော် မင်းသားချော မြင့်မြတ်အတွက်ရည်စူးထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်လေးတွေနဲ့ ပတ်သတ်ပြီး ရဲမင်းပိုင်ရဲ့ လူမှု့ကွန်ယက်မှာလည်း " ကျနော့်ရင်ထဲမှာရှိသောဇာတ်အိမ်လေးနှစ်ထုပ်ပါဒါပေမဲ့ ခုချိန်မှာအောင်မြင်မယ်လို့ မယူဆတော့ပါဘူး ဒီဇာတ်အိမ်လေးနှစ်ထုပ်ဟာပညာပေး အသိပေး ကြည့်ရှုသူတွေရဲ့ရင်ထဲ မှာနှင့်ကနဲ တခုခုကျန်ရစ်စေမည့် ဇာတ်အိမ်လေးနှစ်ထုပ်ဖြစ်ပါတယ်ဆိုပြီး သူဖန်တီးထားတဲ့ ဇာတ်အိမ်လေးနှစ်ခုကို ထုတ်ပြလာခဲ့ပါတယ်။ဆက်လက်ပြီး ကျနော်စိတ်ကူးထဲမှာလည်းခေါင်းဆောင်သရုပ်ဆောင် ညီငယ် မြင့်မြတ် ကိုရည်စူးပြီးဖန်တီး စိတ်ကူးထားပါတယ်။ ဒီနေ့ညီငယ်မြင့်မြတ်ဟာ ထွန်းလင်းတောက်ပနေတဲ့အနုပညာရှင် တယောက်ပါဆိုတဲ့စာလေးနဲ့ မင်းသားမြင့်မြတ်အတွက်ရည်စူးထားတဲ့အကြောင်းလေးကို ပြောပြခဲ့ပါတယ်။
ဒါပေမဲ့ ကျနော့်စိတ်ကူးယဉ်မူ့တွေအားနည်းသွားပါပြီ။မကြာခင် အကြောင်းတရားတွေကြောင့် အမိမြေကနေထွက်ခွါတော့မှာပါသစ္စာတရားသည် တန်ဖိုးရှိသည်မေတ္တာဓါတ်တို့သည်အေးမြလျှက်ရှိသည်ကံတရားသည် ခန္ဓာအိမ်ကိုပိုင်သည်ဘဝ တွင်ဖြစ်ချင်တာမဖြစ်တတ်မဖြစ်ချင်တွေ သာလျှင်ဖြစ်ကြသည်ချမ်းသာစွာတည်ရှိပျော်ရွှင်အောင်မြင်ကြပါစေ"လို့သူရဲ့လူမှုကွန်ယက်နေရေးသားခဲ့တာပဲ ဖြစ်ပါတယ်။မကြာခင်မှာ အမိမြေကနေ စွန့်ခွာတော့မယ်လို့ပြောခဲ့တာကြောင့် ပရိသတ်တွေကတော့ စိတ်မကောင်းဖြစ်နေကြပါတယ်။ ရဲမင်းပိုင်ကတော့ မြန်မာနိုင်ငံရဲ့ အက်ရှင်လောကမှာ ပြိုင်စံရှားဖြစ်ခဲ့တဲ့ မင်းသားတစ်လက်ဆိုတာ ဒီနေ့အထိပရိသတ်တွေရဲ့ အားပေးမှုတွေကို ကြည့်ရင်သိနိုင်ပါတယ်နော်။
သတင်းအရင်းအမြစ် - ရဲမင်းပိုင်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။