နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ အိမ့်ချစ်တစ်ယောက် သူမရဲ့မောင်ဖြစ်သူ မောင်ဖြစ်သူ ပြည့်ဖြိုးပိုင်နဲ့အတူ လူငယ့်စေတမာန်ပွဲမှာ ဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်။ မောင်နှမနှစ်ယောက် အပေးအယူညီမျှစွာနဲ့ ဖျော်ဖြေနေတဲ့ပုံရိပ်တွေကတော့ အမိုက်စား ပါပဲ။ အသံချိုချိုလေးနဲ့ ပရိသတ်တွေကို အမြဲလိုလိုဖမ်းစားနိုင်တဲ့ အိမ့်ချစ်တစ်ယောက် ဂီတ လမ်းကြောင်းပေါ်မှာ အချိန်အတော်ကြာရပ်တည်နိုင်ခဲ့ပြီး လက်ရှိမှာတော့ အောင်မြင်တဲ့ အနေအထားတစ်ခုကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ မောင်ဖြစ်သူကိုလည်း ဂီတလမ်းကြောင်း ပေါ် ဆွဲတင်ပေးနေတဲ့ အမကြီး အမိရာပီသသူတစ်ဦးလည်းဖြစ်ပါတယ်။

မိသားစုကို အသက်ဆယ့်လေးနှစ်အရွယ်ကတည်းက စောင့်ရှောက်ခဲ့တယ်လို့လည်း သူမကဆိုပါတယ်။ ဖခင်ဖြစ်သူ ဝါရင့်အဆိုတော် ဦးချစ်ကောင်းရဲ့ မျိုးဆက်သစ်လေးတွေဖြစ် ကြပြီး ဖခင်ရဲ့ခြေရာကိုအပြည့်အဝနင်းကြမယ့် သားကောင်းသမီးကောင်းလေးတွေလည်း ဖြစ်ပါ တယ်။ သူမတို့မောင်နှမနှစ်ယောက်ရဲ့ ဖျော်ဖြေမှုပုံရိပ်လေးတွေကို " လူငယ့်စေတမန်ပွဲ အိမ့်ချစ်နဲ့ ဂျူနီယာချစ်ကောင်း " ဆိုပြီး အိမ့်ချစ်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက် ကနေ ပရိသတ်တွေကို ဝေမျှထားတာဖြစ်ပါတယ်။

ညိုချောလေးဖြစ်တဲ့ အိမ့်ချစ်တစ်ယောက် သူမရဲ့စင်ပေါ်က ဖျော်ဖြေမှုအမိုက်စားပုံရိပ်တွေက တော့ ကြွေချင်စရာပါပဲ။ ညိုချောတွေချောရင် ဖြူချော တွေလိုက်မမှီဘူးဆိုတဲ့စကားလေးနဲ့ ညီနေတဲ့ အိမ့်ချစ်ရဲ့ပုံရိပ်လေးတွေကတော့ စွဲမက်ချင်စရာပါပဲ။ ပရိသတ်တွေကို စင်ပေါ်ကနေ အပြည့်အ၀ ဖျော်ဖြေပေးနေတဲ့ အသံချိုချိုနိုက်တင်ဂေးမလေး အိမ့်ချစ်ရဲ့ စင်မြင့်ထက်က ဖျော်ဖြေမှုပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Eint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။