သရုပ်ဆောင်စမိုင်းကိုတော့ ချစ်ပရိသတ်ကြီးချစ်မှာပါ။ ယနေ့လေးကတော့ စမိုင်းရဲ့ အဖွားဒေါ်ခင်လေးဆွေရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ အဖွားဒေါ်ခင်လေးဆွေကတော့ မြန်မာရုပ်ရှင်ကို ဖွံ့ဖြိုးတိုးတတ်အောင်ကြိုးစားကြတဲ့ အနပညာရှင်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ မြန်မာရုပ်ရှင်လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်သူဖြစ်ပြီး မြန်မာရုပ်ရှင်လောကရဲ့ ခေတ်တစ်ခေတ်ကို လွမ်းမိုးထားနိုင်သူဖြစ်ပါတယ်။ 

မြေးဖြစ်သူ စမိုင်းကတော့ အဖွားဖြစ်သူ အဖွားဒေါ်ခင်လေးဆွေ အတွက် " Happy 86th birthday Phwar Phwar Gyi " ဆိုပြီး မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားပါတယ်။ အဖွားဒေါ်ခင်လေးဆွေကတော့ အသက် ၈၆နှစ်ပြည့်မွေးနေ့လေးကို ချစ်ခင်ရသူတွေနဲ့အတူ ပျော်ရွင်စွာဖြတ်သန်းနေပါတယ်။ ချစ်ပရိသတ်တွေကလဲ အဖွားဒေါ်ခင်လေးဆွေကို မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးနေကြပါတယ်။ 

အဖွားဒေါ်ခင်လေးဆွေကတော့ သရုပ်ဆောင်ချက်အမျိုးမျိုးကို ပိုင်နိုင်ကျွမ်းကျင်သူဖြစ်ပြီး အကယ်ဒမီဆုပေါင်းများစွာကို ၇ယူထားနိုင်သူဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးအတွက် အဖွား ဒေါ်ခင်လေးဆွေနဲ့ မြေးဖြစ်သူ စမိုင်းတို့ရဲ့ ချစ်စရာပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ချစ်ပရိသတ်ကြီးလဲ အဖွားဒေါ်ခင်လေးဆွေရဲ့ အသက်၈၆နှစ်ပြည့်မွေးနေ့လေးကို မွေးနေ့ဆုမွန်ကောင်းတောင်းပေးကြပါအုံးခင်ဗျာ။

source: smile 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။