ပရိသတ်ကြီးရေ မခိုင်လေးလို့ အများက ချစ်စနိုးခေါ်ကြတဲ့ မင်းသမီး ခိုင်သင်းကြည်ကတော့ သရုပ်ဆောင်ရာမှာ အံ့သြလောက်အောင် သဘာဝကျကျ သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေအပြင် အကယ်ဒမီရွှေစင်ရုပ်တုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။ လတ်တလောမှာ သူမက ရုပ်ရှင်ကားတွေနဲ့ ကြော်ငြာတွေ ရိုက်ကူးနေရပြီး အခုလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ "ဣတ္ထိယ"ဇာတ်ကားကြီးက ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးဟာ ဟာသရုပ်ရှင်ကားကြီးဖြစ်ပြီး ပရိသတ်တွေစောင့်မျှော်နေရလောက်အောင် ရေပန်းစားနေတဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီကားထဲမှာ မင်းသားအဖြစ် အလင်းရောင်၊ခင်လှိုင်တို့နဲ့အတူ မင်းသမီးအဖြစ် စိုးမြတ်သူဇာ၊ခိုင်သင်းကြည်နဲ့ ဖွေးဖွေးတို့က အဓိကပါဝင်သရုပ်ထားတာ ဖြစ်ပါတယ်။ ထွေလာနဲ့တင် ပရိသတ်တွေကို ရယ်မောနိုင်စေခဲ့ပြီး လုံးကြီးတင်၊သေးသေးတင်၊စံခတ်ဆိုတဲ့ နာမည်နဲ့ မခိုင်လေးတို့ ညီအစ်မတွေရဲ့ သုံးယောက်ပေါင်းလောင်းကျော်ကြပုံကို ကျေးလက်ဟာသအနေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

နာမည်ကျော်"ဣတ္ထိယ" ရုပ်ရှင်ကားကြီးနဲ့ ပတ်သတ်ပြီးတော့လည်း မခိုင်လေးက " ဇာတ်ကားရိုက်တုံးက ပုံလေးတွေအမှတ်တရ တင်လိုက်ပါတယ် (ခုနောက်ပိုင်းရိုက်တဲ့ရုပ်ရှင်တွေမှာဇာတ်ဝင်ခန်းထဲကပုံတွေကိုfbမှာမတင်ဖြစ်ပါဘူး)။ ဒီဇာတ်ကားရိုက်တဲ့အချိန်တုံးက စဉ့်ကူးမှာရိုက်နေတဲ့ အဖွားပိန်ကားကနေ နောက်နေ့မေမြို့မှာတန်းရိုက်ရ, ဟာသကားပေမဲ့ ဖိုက်တင်တွေလဲပါ အော်ဟစ်ရန်ဖြစ်တဲ့ အခန်းတွေလဲပါတော့ လူကပင်ပန်းပြီး မျက်နှာတွေလဲချောင်ကျ,အသံတွေလဲဝင်နေပါတယ် သီးခံပီးကြည့်ပေးကြပါလို့။ စစ်သူကြီးခန်းမရိုက်ခင် မီးချိန်နေတာစောင့်နေရင်းဘုန်းကြီးကျောင်းမှာ ဖြစ်သလိုအိပ်ပျော်သွားတဲ့ ပုံလေးပါတင်ပေးထားပါတယ်" ဆိုပြီး ပြောပြထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း "ဣတ္ထိယ" ရုပ်ရှင်ကားကြီးရဲ့ ရိုက်ကွင်းအမှတ်တရပုံလေးတွေကို ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Khine Thin Kyi ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။