ပရိသတ်အချစ်တော်ဖိုက်တင်မင်းသားကြီးရဲမင်းပိုင်ကိုတော့ အားလုံးကြိုက်မယ်ထင်ပါတယ်။ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အပြင် လက်ရှိအနုပညာအလုပ်တွေကို ပြန်လည်ဝင်ရောက်လုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပြီး အမိုက်စားဖိုက်တင်ခန်းတွေကို ပြသနိုင်အောင်ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။  

မကြာသေးမီက ကျရော်ကခဲ့တဲ့ ပရိသတ်အချစ်တော်မြင့်မြတ်ရဲ့ ၃၂နှစ်ပြည့်မွေးနေ့ကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ မွေးနေ့မှာ အမှတ်တရများစွာပြုလုပ်ခဲ့ပြီး သားရတနာလေးကတော့ သူ့ဘဝရဲ့ တန်ဖိုးအရှိဆုံးအရာတစ်ခုလည်းဖြစ်ပါတယ်။ မွေးနေ့တူသားအဖနှစ်ယောက်အတွက် ပရိသတ်အချစ်တော် ရဲမင်းပိုင်ကတော့ ဆုမွန်ကောင်းတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။  

ရဲမင်းပိုင်ရဲ့ဆုတောင်းလေးကတော့

"ညီလေး မြင့်မြတ် ဒီကနေ့မှစ၍

မိသားစုနဲ့အတူ ထာဝရ

ကျမ်းမာချမ်းသာစွာ ပျော်ရွှင်မူ့တွေနဲ့

တည်ရှိပါစေ" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ ဖခင်ဘဝကို ကူးပြောင်းလာပြီဖြစ်တဲ့ မြင့်မြတ်တစ်ယောက်အတွက် ရဲမင်းပိုင်ရဲ့ ဆုတောင်းစကားလေးကတော့ အလိုချင်ဆုံးဆုတစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။

Photos - YeMin Paing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။