ပရိသတ်ကြီးရေ မမြတ်လေးလို့ အများကချစ်စနိုးခေါ်ကြတဲ့ မင်းသမီးလေး အေးမြတ်သူကတော့ ပါးချိုင့်လေးနှစ်ဖက်နဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သရုပ်ဆောင်ရာမှာလည်း ဇာတ်လမ်းကို အသက်ဝင်လာအောင် ဖန်တီးသရုပ်ဆောင်နိုင်တာကြောင့် ယနေ့တိုင် နာမည်ရအောင်မြင်နေတာ ဖြစ်ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ တည်ငြိမ်ရင့်ကျက်စွာ လှသွေးကြွယ်လာတဲ့ မမြတ်လေးက အခုနောက်ပိုင်းမှာ မြန်မာဝတ်စုံလေးတွေကို အသားပေး ဝတ်ဆင်လာတာ တွေ့ရပါတယ်။

အခုလည်း သူမက မော်လမြိုင်မှာရှိတဲ့ ဘိုးဘွားတွေဆီကို ကုသိုလ်ပြုရန်အတွက် သွားရောက်ခဲ့ပါတယ်။ စိတ်ထားမွန်မြတ်တဲ့ သူမက ဘိုးဘွားတွေ လိုအပ်တဲ့ အသုံးအဆောင်နဲ့ ဆေးဝါးတွေကို ကိုယ်တိုင်လှူဒါန်းရင်း ကူညီဖေးမပေးခဲ့ပါတယ်။ မမြတ်လေးက ဘိုးဘွားတွေကို မိဘလို ရိုသေစွာ ဆက်ဆံခဲ့ပြီး မွန်မြတ်တဲ့အလှူတစ်ခုကို ပြုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အဘွားတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ နေ့လေးကို ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ မမြတ်လေးရဲ့ ဘိုးဘွားတွေကို ကူညီအားပေးနေတဲ့ပုံရိပ်လေးတွေက ကျက်သရေရှိရှိနဲ့ အားလုံးရင်ကို အေးချမ်းစေတာကို ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမက ဒါရိုက်တာ ပန်းချီစိုးမိုး ရိုက်ကူးတဲ့ "ကမ္မဖလ" ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး အေးမြတ်သူရဲ့ ကုသိုလ်ပြုပုံရိပ်လေးတွေကို သာဓုခေါ်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Wai Min Maung ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။