လက်ရှိ ရေပန်းစားမင်းသမီးချောလေးတွေထဲကတစ်ယောက်အပါအဝင်ဖြစ်နေတဲ့ အိချောပိုကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ ချစ်စရာကောင်းတဲ့ သူမရဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုရယူနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။  

ဒီကနေ့ ပရိသတ်အချစ်တော် အိချောပိုကတော့ ချစ်စရာဓာတ်ပုံလေးတွေနဲ့အတူ ပရိသတ်ကြီးကို အချစ်ပိုစေခဲ့ပါပြီ။ အရင်တွေ့မြင်နေရတဲ့ ပုံစံလေးနဲ့မတူတဲ့ သူမရဲ့ ပုံရိပ်လေးတွေထဲမှာ ချစ်စရာမျက်မှန်လေးနဲ့အတူ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြောင်း ပြသထားတာလည်း တွေ့မြင်ရပါတယ်။  

ဗုဒ္ဓနယ်မြေထဲမှာ တည်ကြည်တဲ့ ပုံလေးတွေနဲ့ ရိုက်ကူးထားပြီး ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ကြောင်း ပေါ်လွင်စေတာတွေ့ရပါတယ်။ ဒီကနေ့ အိချောပိုရဲ့ ချစ်စရာပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြသလိုက်ပါတယ်။

Photos - Ei Chaw Po 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။