ပီပြင်လွန်းတဲ့သရုပ်ဆောင်မှုတွေနဲ့ အမိုက်စားရိုက်ချက်တွေကြောင့် လတ်တလော ပရိသတ်တွေကြားရေပန်းစားနေတဲ့ “ကာဗွန်ဒိုင်အောက်ဆိုဒ်” (CO2) ရုပ်ရှင်ဇာတ်ကားကြီးကတော့ မြန်မာရုပ်ရှင်သရဲကားတွေထဲမှာ မှတ်ချက်ကောင်းတွေနဲ့ ပရိသတ်တွေရဲ့ ပထမဆုံးအားပေးမှုအများဆုံးရရှိနေတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်..။
အချစ်တော်လေးတွေဖြစ်ကြတဲ့ မင်းသားအလင်းရောင်နဲ့မင်းသမီးဖွေးဖွေးတို့ကတော့ (CO2)ဇာတ်ကားကြီးအပြီးမှာ “ဣတ္ထိယ” ဆိုတဲ့ ဟာသအခွီဇာတ်ကားလေးနဲ့ ပရိသတ်တွေရှေ့ အမောပြေရောက်ရှိလာဦးမှာ ဖြစ်ပါတယ်..။




“ဣတ္ထိယ” ဟာသရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ဖွေးဖွေး၊ အလင်းရောင်တို့အပြင် ဒိတ်ဒိတ်ကြဲပြည်သူချစ်မင်းသမီးကြီးတွေဖြစ်ကြတဲ့ ခိုင်သင်းကြည်နဲ့ စိုးမြတ်သူဇာတို့ကလည်း ပါဝင်သရုပ်ဆောင်ထားတာမို့ ပါးညောင်းလောက်အောင်ရယ်နေရမယ့် ဟာသဇာတ်ကား ဇာတ်ကားဖြစ်မှာ အသေအချာပါပဲနော်..။
“ဣတ္ထိယ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဇာတ်ကားနမူနာထွက်ရှိကတည်းက ကြည့်ရှု့သူအများအပြားရှိခဲ့ပြီး ပရိသတ်တွေရဲ့စိတ်ဝင်စားအားပေးမှုရရှိနေတဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး..။





ရုပ်ရှင်ဇာတ်ကား Press Show ပွဲကိုတော့ ယနေ့သြဂုတ်လ(၂)ရက်နေ့ ညနေ(6:30) မှာ JCGV Junction City တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး လာမယ့် သြဂုတ်လ(၁၀)ရက်နေ့မှာတော့ စတင်ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်..။
အလင်းရောင်နဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးသုံးယောက်တို့ရဲ့ အလန်းဇယားအိုင်တင်တွေနဲ့ ပရိသတ်တွေပါးစပ်မစေ့တမ်းရယ်မောရမယ့် “ဣတ္ထိယ” ဇာတ်ကားကို အားပေးကြဖို့ ရယ်ဒီပဲလား..??



Photo - အလင်းရောင်၊ ဣတ္ထိယ
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။