လတ်တလောကာလမှာ အရမ်းအောင်မြင်နေတဲ့ မြန်မာရုပ်ရှင်ကားတွေ လူမှုကွန်ယက်တွေအပေါ်မှာ ပျံနှံ့နေတာတွေကြောင့် သက်ဆိုင်ရာ ရုပ်ရှင်လောကသားတွေ နစ်နာနေတာတွေကြားရပါတယ်ရှင်။ မကြာသေးခင်ကဘဲ လူမှုကွန်ယက်တွေပေါ်ပျံနှံ့ခဲ့တဲ့ ဇာတိမြေ ရုပ်ရှင်ဇာတ်ကား ဂယက် ကြောင့် လည်း စိတ်မချမ်းသာစရာတွေကြားသိနေရတာတွေ ကြားသိနေရပါတယ်။ ဒီကိစ္စတွေကြောင့် ထောက်ပြစရာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တာက နာမည်ကျော်သရုပ်ဆောင် ခွန်းဆင့်နေခြည်ပါ ။

ငဒူရုပ်ရှင်ကား ပျံ့နှံခဲ့တာနဲ့ ပတ်သက်ပြီး သူမက အခုလိုထောက်ပြလိုက်ပါတယ်။ " ဒါမျိုးတော့မဖြစ်သင့်ပါဘူးဟယ် နော်စာတန်းထိုးထားတဲ့နာမည်ကြီးပါနေလေတော့ ရွှေသမင်ဘယ်ကထွက်ဆိုတာသိနေပြီပေါ့ ဒီဇာတ်ကားအစအဆုံး link ကိုFan တစ်ယောက်ကလာပို့ပေးလို့သိရတယ် စိတ်မကောင်းဘူးဟယ်ကိုယ်ချင်းစာလို့ထပ်မရှဲတော့ဘူးဘယ်လိုဆက်လုပ်ကြမယ်စဉ်းစားလည်း Producer အပေါင်းတို့" ဆိုပြီးပြောဆိုခဲ့ပါတယ် ။အခုအွန်လိုင်းပျံနှံ့နေတဲ့ ဗီဒီယိုမှာတော့ စာတန်းတစ်ခုပါရှိနေတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ ခိုးကူးတွေကြောင့် ဗီဒီယိုခေတ်လည်း ပျက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ခိုးဖြန့်တွေကြောင့် ရုပ်ရှင်လောကသားတွေ မျက်ဖြူဆိုဒ်ရတော့မယ့်အနေအထားကို ရောက်ရှိနေပြီလားလို့ သုံးသပ်သူတွေလည်းရှိနေကြပါတယ်။ အခုလို ဖြစ်ပေါ်နေတဲ့အတွက် ရုပ်ရှင်လောကသားတွေက သက်ဆိုင်ရာ အစိုးရ ဌာနတွေနဲ့ မီဒီယာတွေကနေတောင်းဆိုနေကြတာလည်းရှိပါတယ်။ခွန်းဆင့်နေခြည်ကတော့ ရွှေသမင်ဘယ်ကထွက် ဆိုပြီး ထိရှတဲ့ မေးခွန်းတွေကို မေးလိုက်ပါပြီ။ ပရိသတ်ကြီးက ခွန်းဆင့်နေခြည် မေးထားတဲ့ ရွှေသမင် ဘယ်ကထွက်တာဖြစ်နိုင်လဲဆိုတာ မှတ်ချက်မှာပြောပြပေးခဲ့ကြပါနော်။

Source - Nay Chi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။