၃။ ဉာဏ်ပညာကို အလေးထားတတ်အောင် ပျိုးထောင်ပေးခြင်း

ဂျူးမိသားစုထဲမှာ ကလေးများနည်းနည်းအသိရှိလာပြီဆိုရင် မိခင်ဖြစ်သူက ယခုလို လိုမေးမြန်းလေ့ရှိတယ်။ “တကယ်လို့သားရဲ့အိမ်က မီးလောင်သွားတယ်၊ ပစ္စည်းတွေလည်း ဘာမှမကျန်အောင် အလုခံရတယ်။ သားဘာကိုယူပြီးထွက်ပြေးမလဲ” တဲ့ ၊ ကလေးက ရွှေတို့ ၊ ငွေတို့ ဖြေဆိုရင် မိခင်က ပြန်စဉ်းစားအုံး၊ အဲဒီပစ္စည်းဟာ အရောင်မရှိဘူး၊ အနံ့အရသာလည်း မရှိဘူးလို့ ပြန်ပြောလေ့ရှိပါတယ်။ သားက “ ဉာဏ်ပညာ” လို့ ဖြေဆိုနိုင်တဲ့ အထိ မိခင်က တစ်ဖြည်းဖြည်း လမ်းကြောင်းပေးပါတယ်။ မြန်မာစကားပုံ ပညာရွှေအိုး လူမခိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။  

၄။ စာအုပ်အများကြီးကို ဝန်တင်ထားတဲ့ “လား” မဖြစ်ပါစေနဲ့

စာတအားဖတ်တော့ ဒီစကားပုံ ပေါ်ပေါက်လာတယ်လို့ ယူဆရပါတယ်။ ကလေးများကို ငယ်ငယ်ကတဲက စာဖတ်အောင် သွန်သင်ပေးကြတယ်။ ပြီးရင် စဉ်းစား တတ်အောင် ပျိုးထောင်ပေးကြပါတယ်။ သူတို့အယူအဆအရ ဖတ်မှတ်လေ့လာခြင်းဟာ အတုခိုးခြင်းတစ်မျိုးသာဖြစ်ပြီး စဉ်းစားတွေးခေါ်တတ်ခြင်း၊ ကိုယ်ပိုင်အမြင်ရှိခြင်းနဲ့ အသစ်ဖန်တီးတတ်ခြင်းသည်သာ အဓိကကျတယ်လို့ ယူဆပါတယ် ။ ဗဟုသုတ ကြွယ်ဝပြီး ဘာမှမလုပ်တတ်တဲ့သူကို စာအုပ်ကိုဝန်တင်ထားတဲ့ “ လား” လို့ စကားပုံနဲ့ ခိုင်းနိူင်းထားပါတယ်။ 

၅။ တွေးခေါ်ခြင်းဆိုတာ သံသယနဲ့ အဖြေတို့ ပူးပေါင်းပြီးဖြစ်ပေါ်လာတာပါ။

ဒါလည်းသူတိုရဲ့ နာမည်ကြီးစကားပုံပါ။ မိဘစကား၊ ဆရာစကားအပါအဝင် ဘယ်သူပြောတာပဲဖြစ်ဖြစ် သံသယ အရင်ဝင်ခိုင်းပါတယ်။ သံသယဝင်မှပဲ အဖြေမှန်ထွက်တဲ့သဘောပါ။

အဆိုပါနည်းလမ်းတွေဟာ ဂျူးလူမျိုးတွေရဲ့ ကလေးတွေကို ပြုစုပျိုးထောင်ခြင်း နည်းတွေပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိမိတို့ရဲ့ ကလေးတွေကို ယခုလိုနည်းလမ်းလေးတွေ သုံးပြီး ကောင်းမွန်စွာ ပြုစုပျိုးထောင် နိုင်ကြပါစေနော်။ 

Source : Sayar Aung Ko Latt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။