ဟာသတွေနဲ့ ပရိသတ်တွေကိုရယ်မောပျော်ရွှင်စေခဲ့တဲ့ ဖြူဖြူထွေးတစ်ယောက် သူမ Tik Tok ကစားထားတဲ့ ချစ်စဖွယ် Video File လေးကို တင်လိုက်ပြန်ပါပြီ။ အမြဲလိုလို ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေခဲ့တဲ့ သူမလေးကတော့ ဒီတစ်ခေါက်မှာလည်း ရယ်မောရအောင် လုပ်လိုက်ပြန်ပါပြီ။ သူမရဲ့ ပွင့်လင်းတဲ့အမူအရာနဲ့ ချစ်စဖွယ်အပြုံးလေး တွေဟာ တကယ့်ကို ရင်အေးစရာပါပဲ။

မိဘကိုလုပ်ကျွေးပြုစုနေတဲ့ သမီးအလိမ္မာလေးဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တော်လေး လည်းဖြစ်ပါတယ်။ သူမရသမျှအနုပညာကြေးတွေ အားလုံးကို မိဘကိုပြန်လည်လုပ်ကျွေး ပြုစုနေတာဖြစ်တယ်လို့လည်း သူမကဆိုပါတယ်။ လက်ရှိမှာတော့ သူမက Photo Shooting တွေ ဆက်တိုက် ရိုက်ကူးနေပြီး ကြော်ငြာတွေနဲ့ MTV တွေမှာလည်း ပါဝင်ရိုက် ကူးနေတာဖြစ်ပါတယ်။

သူမရဲ့ယနေ့အတွက် Video လေးဟာ တကယ်ကိုချစ်ဖို့ကောင်းလွန်းပါတယ်။ အမူအရာ ပေါင်းစုံနဲ့ သူမရဲ့ပုံစံလေးဟာ လွတ်လပ်ပျော်ရွှင်မှုတွေ အပြည့်ပါဝင်နေတယ်ဆိုတာ အသေအချာပါပဲ။ သူမရဲ့ Tik Tok Video တစ်ခုမှာဆိုရင် ခုန်လိုက်တဲ့အချိန်မှာ ဟန်ချက် ပျက်ပြီး ချော်လဲမလိုဖြစ်တဲ့ ပုံလေးကို " မမှီတာကို ခုန်ယူသောအခါ ခေါင်းကွဲကိန်း " ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်နဲ့လည်း သူမကအလန်းစားကပြသွားပါ သေးတယ်။ ပရိသတ်ကြီးလည်း ထပ်တူမြင်တွေ့နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Phyu Phyu Htwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။