လက်ရှိ နာမည်ရတက်သစ်စမော်ဒယ်တွေထဲမှာ ညိမ်းသော်တစ်ယောက်လည်း အပါအဝင်ပဲဖြစ်ပါတယ်။
အနုပညာလောကမှာ နာမည်ရမင်းသမီးများစွာနှင့်အတူ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။



ပရိသတ်အချစ်တော်ညိမ်းသော်ကတော့ လက်ရှိ နာမည်ကြီး ကြွေ ရုပ်ရှင်ဇာတ်ကားမင်းသမီးချော အိချောပိုကို စနောက်ခဲ့တာတွေ့ရပါတယ်။ အိချောပိုရဲ့ ကြွေရုပ်ရုင်ဘုတ်မှာ သွားရောက်ရိုက်ကူးခဲ့တဲ့ ညိမ်းသော်ရဲ့ နှစ်ကိုယ်တစ်စိတ် ပုံရိပ်လေးကိုတော့ ပရိသတ်တွေလည်း သဘောကျမယ်ထင်ပါတယ်။



ညိမ်းသော်ကတော့ လက်တလောပရိသတ်ကြိုက်ဇာတ်ကားတစ်ကားဖြစ်တဲ့ ကြွေရုပ်ရှင်ဇာတ်ကားကို သွားရောက်အားပေးကြည့်ရှုခဲ့ အမှတ်တရဓာတ်ပုံတွေရိုက်ကူးခဲ့တာတွေ့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် ဒီကနေ့ နှစ်ကိုယ်တစ်စိတ်အဖြစ်တွေ့ရတဲ့ ညိမ်းသော်ရဲ့ ပုံရိပ်လေးကို ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။
Photos - Nyein Thaw


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။