ဗျူဟာ ဆိုတဲ့ လူငယ် ဟစ်ဟော့ အဆိုတော် ဟာ Underground မှာ အချိန်တော်တော်ကြာ ကျင်လည်ခဲ့ပြီး လူငယ်တွေရဲ့ အားပေး မှု အများပြားရရှိခဲ့ရာကနေ ဂီတလောကထဲကို ဝင်ရောက်လာခဲ့သူတစ်ယောက်ပါ ။
သူရေးသားသီဆိုခဲ့တဲ့ သမီးရှင် ဆိုတဲ့ သီချင်းဟာလည်း ပရိသတ်တွေ ကြားမှာ အရမ်း ကိုရေပန်းစားလူသိများခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ် ။

ဟစ်ဟော့ကို ရူးသွပ်တဲ့ လူငယ်တွေကြားမှာ ပေါက်ခဲ့တဲ့ သူ့သီချင်းတွေထဲက Beautiful girl ဆိုတဲ့သီချင်းကို သရုပ်ဆောင် နန်းဆုရတီစိုးနဲ့ MTV ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ပြီး လူကြိုက် များခဲ့ပါတယ် ။ အခုလတ်တလောမှာတော့ မူးယစ်ဆေး သုံးစွဲနေတဲ့ လူငယ်တွေ အတွက် လမ်းမှားမရောက်အောင် ဆုံးမထားတဲ့ သီချင်းလေးတစ်ပုဒ်ကို သူ့ရဲ့လူမှု ကွန် ယက် စာမျက်နှာကတဆင့် ပရိသတ်တွေကိုမျှဝေပေးခဲ့ပါတယ် ။ နိုင်ငံရဲ့အနာဂတ်သား ကောင်းတွေအနေနဲ့ မူးယစ်ဆေးကြောင်း လမ်းမှားမရောက်စေဖို့ လမ်းညွှန်ပေးထားတဲ့ စာသားတွေပါဝင်တဲ့သူ့ရဲ့သီချင်းလေးကတော့ တကယ်ကို အဓိပ္ပါယ်ပြည့်ဝလွန်းနေပါတယ် ။


ငယ်ငယ်ရွယ်ရွယ် နဲ့ လမ်းမှားရောက်ပြီး အနာဂတ်ပျောက်ဆုံးနေတဲ့လူငယ်တွေ အတွက် တကယ်ကို အကျိုးရှိစေမယ့် သီချင်းလေးတစ်ပုဒ်ဖြစ်လို့ ပရိသတ်ကြိးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော် ။ချစ်ပရိသတ်ကြီးလည်း ဗျူဟာရဲ့ ရှေ့ဆက်လျှောက် မယ့်အနုပညာအလုပ်တွေကို အားပေးလိုက်ကြပါဦးနော် ။
Source : Byu Har
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။