လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက ဘေဘီလုံနဲ့အီဂျစ်မှာရှိတဲ့လူတွေဟာ ကောင်းကင်ကိုလေ့လာပီးတော့ ၁၂ရာသီခွင်တွေကိုတီထွင်ခဲ့ကြပါတယ်။လူတစ်ယောက်ရဲ့ရာသီခွင်သင်္ကေတဟာသူတို့ရဲ့မွေးနေ့၊မွေးနံနဲ့သက်ဆိုင်ပါတယ်။တချို့ကတော့ဒီရာသီခွင်တွေဟာလူတစ်ယောက်ရဲ့အကျင့်စရိုက်တွေကိုပါပြောနိုင်တယ်လို့ယုံကြည်ကြပါတယ်။

အာရှနိုင်ငံအတော်များများမှာတော့ လူတွေဟာတရုတ်၁၂ရာသီခွင်ကိုဃုံကြည်ပီးအသုံးပြုကြတာကိုတွေ့ရပါတယ်။တရုတ်၁၂ရာသီခွင်မှာရာသီခွင်အလိုက်ကိုယ်စားပြုထားတဲ့အကောင်၁၂ကောင်ပါရှိပါတယ်။ဒီရာသီခွင်ကိုကိုယ်စားပြုတဲ့အကောင်တိုင်းမှာ ကွဲပြားတဲ့ ပင်ကိုစရိုက်မျိုးစုံရှိပါတယ်။ဥပမာအနေနဲ့ ကြွက်နှစ်မှာမွေးဖွားလာတဲ့သူတွေဟာ ခင်ဖို့ကောင်းပီး သူတစ်ဖက်သားအပေါ်ဂရုစိုက်တတ်ကြပါတယ်။ မျောက်နှစ်မှာမွေးဖွားတဲ့သူတွေဟာသပ်သပ်ရပ်ရပ်နေတတ်ကြပီး ငွေရှာတော်ကြပါတယ်။လူအများစုကတော့ကြွက်နှစ်နဲ့မျောက်နှစ်ဟာလိုက်ဖက်မှုရှိတဲ့စုံတွဲလို့ယူဆထားကြပါတယ်။

အာရှမှာ လူတစ်ယောက်ရဲ့သွေးအမျိုးအစားဟာလည်း လူတစ်ယောက်ရဲ့အကျင့်စရိုက်ကိုဖော်ပြနိုင်ပါသေးတယ်။ Aသွေးတွေဟာ တည်ကြည်ပီးတော့စိတ်ငြိမ်ကြပါတယ်။ဒါပေမယ့်တစ်ခါတစ်လေမှာသူတို့ဟာတစ်ကိုယ်ကေင်းလည်းဆန််တတ်ပါသေးတယ်။ Bသွေးတွေဟာလွတ်လပ်မှုကိုမြတ်နိုးသူတွေဖြစ်ပီး တစ်ခါတစ်ရံမှာအပျင်းထူတတ်ကြပါတယ်။ABသွေးကတော့ ရိုးရိုးသားသားပဲနေတတ်ကြပီး Oသွေးတွေကတော့ ချစ်ခင်ကြင်နာတတ်ပီးတော့ စကားအရမ်းများကြပါတယ်။

Source: Google(What's your sign?)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။