ပရိသတ်ကြီးရေ စိုင်းစိုင်းရဲ့ " သိင်္ဂါရ သီချင်းတစ်ပုဒ် " ထဲက မင်းသမီးလေး ပိုးမမှီသာကိုတော့ ချစ်ပရိသတ်ကြီးက ချစ်ခင်အားပေးပြီးသား ဖြစ်မယ်ထင်ပါတယ်။ ဆေးကျောင်းသူလေးတစ်ဦးဖြစ်တဲ့ သူမက ရိုးရိုးရှင်းရှင်းနဲ့ မဟာဆန်ဆန်တဲ့အလှကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ ယဉ်ယဉ်လေးနဲ့ မြင်သူငေးတဲ့အလှကြောင့် facebook မှာ စတင်နာမည်ကြီးခဲ့ပြီး စိုင်းစိုင်းရဲ့အလှကုန်ကြော်ငြာအတွက် ရွေးချယ်ခြင်းခံရတဲ့ မော်ဒယ်လေးတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

Sai cosmetix ရဲ့ ပင်တိုင်မော်ဒယ်လေးဖြစ်တဲ့သူမကို အားလုံးက စိုင်းစိုင်းနဲ့တွဲပြီး ချစ်ခင်အားပေးခဲ့တာ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ သူမပါဝင်ရိုက်ကူးထားတဲ့ Saiရဲ့ပေါင်ဒါအသစ် ကြော်ငြာလေးကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားနေတာ တွေ့ရပါတယ်။ ချစ်စရာကောင်းပြီး နုပျိုလှပတဲ့သူမက ရှိုးပွဲတွေမှာလည်း ပါဝင်ပြီး ကြော်ငြာတွေလည်း ရိုက်ကူးနေရပါတယ်။ အခုတော့ ပိုးက မိသားစုနဲ့အတူ ခရီးထွက်နေတဲ့ပုံလေးတွေကို သူမရဲ့ Facebook မှာ တင်ထားပါတယ်။

မိသားစုနဲ့အတူ မေမြို့က The Croft Orangic Farm ခြံလေးကို သွားရောက်လည်ပတ်ခဲ့တဲ့ သူမရဲ့ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ ပိုးက "နေရာလှလှလေး " ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ကလေးတစ်ယောက်လို ပျော်ရွှင်နေတဲ့ သူမရဲ့အမှတ်တရတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ကဲ ချစ်ပရိသတ်ကြီးအတွက် ဖော်ရွေပြီးချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေးပိုးမမှီသာရဲ့ ခရီးသွားပုံရိပ်လေးတွေကို ကြည့်ရှုဖို့ ဝေမျှပေးလိုက်ပါတယ်နော်။

Source: Poe Ma Mhi Thar;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။