ျမန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ အဆိုပညာရှိသူများဖြစ်တဲ့ နီလန်းနဲ့ ဇော်ကြီးတို့နှစ်ယောက်ကတော့ ဒီညမှာ Top 6 ကနေ နှုတ်ဆက် ထွက်ခွါခဲ့ပါပြီမြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ အဆိုပညာကို တခြားသူတွေနည်းတူပြသနိုင်သူများဖြစ်တဲ့ နီလန်းနဲ့ ဇော်ကြီးတို့နှစ်ယောက်ကတော့ ဒီညမှာ Top 6 ကနေ နှုတ်ဆက် ထွက်ခွာလိုက်ရပြီ ဖြစ်ပါတယ်။



ပရိသတ်တွေဟာခနဲဟင်ခနဲဖြစ်လောက်အောင် ဖျော်ဖြေနိုင်ခဲ့ကြပေမယ့် အခုလိုထွက်ခဲ့ကြရတဲ့အပေါ်သို့လောသို့လောတွေဖြစ်နေခဲ့တာပါ ။ ဒီတစ်ပတ်ရောခ့်သီချင်းသီဆိုမှုအပတ်မှာ နီလန်း နဲ့ ဇော်ကြီးတို့ဟာ အရင်အပတ်တွေကထက် သိသိသာသာလက်ရည်တက်လာခဲ့တာလည်းဖြစ်ပါတယ် ။ နီလန်း ဟာ လက်တင်သီချင်းတွေနဲ့ ယှဉ်ပြိုင်ရတဲ့ အပတ်မှာကတည်း က သူမရဲ့စွမ်းရည်တွေကို ပြန်လည်ပြသနိင်ခဲ့ပြီး ဇော်ကြီးဟာလည်း အခုတစ်ပတ်မှာ အလွန်အမင်းကောင်းမွန်ခဲ့ပေမယ့် Myanmar Idol စင်မြင်ကနေ တ့ာ့တာပြလိုက်ရပါပြီ ။



အဆိုကောင်းကြပေမယ့်လည်း Voting အဆုံးအဖြတ်အရ ပရိတ်သတ်အင်အား သိပ်မရှိကြတဲ့ သူတို့နှစ်ယောက်က ချစ်တဲ့ပရိတ်သတ်တွေကို ကံမကောင်းစွာနဲ့ လက်ပြနှုတ်ဆက်လိုက်ရတာပဲ ဖြစ်ပါတယ်။ဒီညကတော့ ဆဋ္ဌမမြောက် Result Show ညပဲဖြစ်ပြီးတော့ သူတို့နှစ်ယောက်ဟာ ပရိတ်သတ်အများအပြား ရရှိသွားကြပြီလည်းဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲက့ မထွက်ခွါခင်ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။ ပရိသတ်ကြီးရော သူတို့နှစ်ယောက် ထွက်ခွါရတာ တန်မတန် ဆိုတာကို မှတ်ချက်မှာ ပြန်လည်မျှဝေပေးပါဦနော်။
Source - Myanmar Idol / MNTV
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။