အဆိုတော် ယုန်လေးဟာ ဂီတာလောကမှာ နာမည်ရပြီးသား ဟစ်ဟော့အဆိုတော် တစ်ယောက်ဘဲ ဖြစ်ပါတယ် ။ အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ် လက်ခံအားပေးထားတဲ့ အနုပညာရှင် ကောင်းတစ်ယောက်ပါ ။ သူပါဝင်ရိုက်ကူး ထားတဲ့ Original Gangster ကားဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ဇာတ်ကား ကောင်း တစ်ကားပါ ။ မကြာသေးမီကမှ သူ့ရဲ့ဖေ့ဘုတ်အကောင့် ဟက်ခံခဲ့ရပြီး အနုပညာ လှုပ်ရှားမှုတွေကို အကောင့်အသစ်နဲ့ ပရိသတ်တွေကို မျှဝေပေးနေခဲ့ပေမယ့် အခုတော့ သူ့ရဲ့အကောင့်ပြန်ရခဲ့ပြီလို့ လူမှုကွန်ယက် စာမျက်နှာက နေ တစ်ဆင့် ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။

သူနောက်ထပ် ထွက်မယ့် ဇာတ်ကားနဲ့ပတ်သတ်ပြီးတော့လည်း
" ကျွန်တော့်ကို လူတွေထင်မယ် . စောက်ရမ်းရိုင်းတဲ့ကောင် အောက်တန်းစားလို့ . ရိုင်းပါတယ် စိတ်ထင်တိုင်းလုပ်တတ်ပါတယ် မိနစ်ပိုင်း သွေးဆူတိုင်းပါ . အငြိုးတေးနဲ့ ဂလဲ့စားချေတယ်ဆိုတာ ဘဝမှာ မရှိခဲ့ဖူးပါ . ရန်သူကိုတောင် အချိန်ကြာတဲ့ အခါမှာ သူဘာမှရန်မမူတော့ရင် တုံ့ပြန်လိုစိတ်လုံးဝ မရှိတော့ပါဘူး. သွေးဆူလွယ်တာကိုလည်းလျော့နေပါတယ် . ၈လပိုင်း ၁၇ ရက်နေ့ ရုံတင်မယ့်
* လူကြမ်းတစ်ယောက်ရဲ့ Diary * ကားထွေလာတင်ရင် အခွီခံရမှာ စိတ်ပူမိပါတယ် " လို့ရေးသားဖော်ပြခဲ့ပါတယ် ။

ဇာတ်ကားအတွက် ထိုးခဲ့တဲ့ သူ့ရဲ့တက်တူးနဲ့ပတ်သတ်ပြီး တော့လည်း Tattoo က တကယ်ထိုးထားတာ ဖြစ်ပြီးကျောကုန်းကို တစ်ရက် နှစ်ရက်နဲ့ ထိုးလို့မရပါဘူး လို့လည်း ပြောခဲ့ပါသေးတယ် ။ ၃ခါ ပဲထိုးရသေးတော့ရိုက်ကူးရေးမှာ ပြည့်အောင် Body Paint နဲ့ ထပ်ဖြည့်ထားတာလို့လည်းသိရပါတယ် ။
Source : Kyaw Phone Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။