မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်က အမှုအခင်းတွေနဲ့ ပတ်သက်ပြီးခံစားချက်တွေကို ဖွင့်ဟလာခဲ့တာက ဇင်အောင်ပါ ။ ဇင်အောင် တစ်ယောက် let's talk အစီအစဉ် နဲ့ ပရိသတ်တွေက အသိအမှတ်ပြုထားတာလည်းဖြစ်ပါတယ်.။ အသက်တစ်ရာမနေရ အမှုတစ်ရာပွေရဆိုသလို မျိုးပါဘဲ ဇင်အောင်တယောက် ကတော့ သူရရှိခဲ့တဲ့ အတွေးတစ်စ ကို ပရိသတ်တွေအတွက်မျှဝေခဲ့ပါတယ်


ဇင်အောင်က အခုလိုဆိုပါတယ်။ "ကျွန်တော်တို့ ငယ်ငယ် က သီတင်းကျွတ် လပြည့်နေ့ရောက်လို့ လူကြီးသူမတွေကို ကန်တော့ တဲ့အခါ
‘’’ လူကောင်းသူကောင်း ''' များနဲ့ ပေါင်းသင်းဆက်ဆံရပါစေလို့ ဆုတွေပေးလေ့ရှိတယ် အဲ့ဒီအခါ စိတ်ဆိုးတယ် မုန့်ဖိုးဘဲလိုချင်တယ်လို့ ....
အသက်အရွယ်ရလို့ .......လူပေါင်းစုံနဲ့ ဆက်ဆံတဲ့အခါ လူတွေအကြောင်းကောင်းကောင်းသိလာတယ် ဪ ရှေးလူကြီးတွေဟာ သိပ် အမျှော်အမြင်ရှိတာ တန်ဖိုးရှိတာသိလာတယ် .... Social media ထက်မှာ အမူအခင်းတွေ တွေ့တဲ့ အခါ ဆုပေးခဲ့တဲ့ လူကြီးတွေကို ကန်တော့မိတယ် " လို့ဆိုပါတယ်။


ဆက်လက်ပြီး "ဘယ်ဘဝဘယ်လိုအခြေအနေ ရောက်ရောက် စိတ်ထားကောင်း .......အတွင်းကောက်ကျစ် မနာလိုဝန်တိုမှုကင်းသောသူ ဖြစ် ရပါစေလိုလို့ ဆုတောင်းနေမိပါတယ် ...... ဒီစာဖတ်လို့စိတ်ထဲတမျိုး မလုံမလဲဖြစ်ရင် အဲ့ဒါနင့်ကိုပြောတာပါဘဲ....." ။ မည်သည်မည်ဝါ လို့နာမည်တပ်ပြောမထားတဲ့အတွက် လူတွေထဲက လူတွေမှာ ဇင်အောင်ပြောတဲ့ စိတ်ထားလေးတွေရှိနေမယ်ဆိုတာကတော့ သေချာသလောက်ပါဘဲ ။ ပရိသတ်ကြီးရေ ကိုယ်တွေလည်း နေ့စဉ်ဆုတောင်းတဲ့အခါ ဒါမမဟုတ် တခြားသူကန်တော့ ခံရတဲ့အခါ ဘယ်လိုဆုတွေလိုချင်တယ် ၊ ပေးဖြစ်တယ်ဆိုတာလေးကို မှတ်ချက်ပေးခဲ့ကြပါနော်။
Source - Zin Aung
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။