“တိုးတိုးတိတ်တိတ်” ဆိုတဲ့ တေးသီချင်းကောင်းလေးနဲ့ ပရိသတ်ရင်ထဲစတင်ရောက်ရှိလာတဲ့ အဆိုဟိန်းမင်းသူကတော့ အနုပညာလောကထဲမှာပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့အတူ အောင်မြင်နေတဲ့ အဆိုတော်ချောလေးတစ်ဦးပါပဲ..။
မိန်းကလေးပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားပြီး ပျိုမေတွေကြားရေပန်းစားနေတဲ့ အဆိုတော်ချောလေးဟိန်းမင်းသူကတော့ ဘုရားသွားကျောင်းတတ်ကုသိုလ်ရင်း ဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။
ဘုရားမှာကုသိုလ်ပြုရင်း မြန်မာဆန်ဆန်ပုဆိုးလေးနဲ့ စွန်းသန့်နေတဲ့ ကိုကိုဟိန်းမင်းသူကတော့ ယောင်္ကျားပီသပြီးတည်ကြည်ခန့်ညားတဲ့ပုံရိပ်လေးတွေနဲ့ ပျိုမေလေးတွေကို အချစ်ပိုအောင် ထပ်မံဖမ်းစားလိုက်ပြန်တာပါပဲနော်..။
မြန်မာဂျက်စတင်ဘီဘာလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ အဆိုတော်ဟိန်းမင်းသူဟာ သူကိုယ်တိုင် ကတော့ Justin Bieber နဲ့တူတယ်လို့မခံယူဘဲ ပရိသတ်အမြင်နဲ့ပဲဆိုင်ပါလိမ့်မယ်ဆိုပြီးတော့လည်း အင်တာဗျူးတွေမှာ ချစ်စဖွယ်ဖြေဆိုထားဖူးပါသေးတယ်..။
သူ့ရဲ့တေးသီချင်းအသစ်လေးတွေကိုလည်း သူ့ရဲ့ပေ့ချ်နဲ့အကောင့်ကနေတစ်ဆင့် ပရိသတ်တွေကို အမြဲပြန်လည်မျှဝေလေ့ရှိပြီး ပရိသတ်တွေနဲ့လည်း အမြဲရင်းရင်းနှီးနှီးနေတတ် မကြာခဏစကားပြောလေ့ရှိတာလည်း တွေ့ရပါတယ်..။
မကြာသေးခင်ကမှ ပရိသတ်တွေဆီမျှဝေလိုက်တဲ့ “ချာတိတ်” “နွေးထွေးခွင့်” တေးသီချင်းလေးတွေကလည်း “တိုးတိုးတိတ်တိတ်” သီချင်းလေးလို ပရိသတ်တွေကြား ရေပန်းစားလူကြိုက်များနေတဲ့ သီချင်းလေးတွေဆိုလည်း မမှားပါဘူး..။
သီချင်းအသစ်ကောင်းကောင်းလေးတွေကို ပရိသတ်တွေအတွက်အမြဲဖန်တီးတတ်တဲ့ အဆိုတော်ချောလေးဟိန်းမင်းသူကတော့ လတ်တလောမှာလည်း သီချင်းသစ်လေးတွေအတွက်လည်း ပြင်ဆင်နေတာမို့ စောင့်မျှော်အားပေးကြပါဦးနော်..။
Photo - ဟိန်းမင်းသူ
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။