ဇူလှိုင်လ( ၁၃) ရက်နေ့ မှာ တကမ္ဘာလုံးရဲ့ ပရိသတ်တွေ မျှော်လင့်နေတာ ကို ဖြည့်ဆည်းပေးလိုက်တဲ့" God is a woman" သီချင်း MTV ထဲက Performence တွေက တော့ Arianaရဲ့ ခါတိုင်း သရုပ်ဆောင်ချက်တွေနဲ့ မတူပဲ ခွဲထွက်နေတာကို မြင်ရမှာပါ။ ပုံမှန် MTV တွေလို မရိုးရှင်းပဲ အမိုက်စား စိတ်ကူးယဉ်ဆန်ဆန် နဲ့ အရိုင်းဆန်ဆန်ရိုက်ကူးထားပြီးအနေနဲ့ အများကြီး ကြိုးစားထားတာ တွေ့ရမှာပါ။

နတ်ဘုရားဟာ မိန်းမ တစ်ဦး ဖြစ်တယ်လို့ စိတ်ကူးယဉ်ဆန်ဆန် ကွန်ပျူတာ ဖန်တီးချက်တွေနဲ့ ကိုယ်ခန္ဓာကောက်ကြောင်းအလှအပတွေကို ဦးစားပေးရိုက်ကူးထားပြီး သီချင်းကို တင်တင်ချင်း( ၃) ရက်အတွင်းမှာ 19,807,681 views ရရှိထားပါတယ်။ ဖုန်းထဲမှာ မဖြစ်မနေ ဒေါင်းပြီး နားထောင်သင့်တဲ့ သီချင်းတစ်ပုဒ် ဖြစ်သလို တကယ်ကို ရသတစ်ခုကို ပေးစွမ်းနိုင်မှာပါ။

"You, you love it how I move you,You love it how I touch you My one, when all is said and done,You'll believe God is a woman. And I, I feel it after midnight .A feelin' that you can't fight. My one, it lingers when we're done.You'll believe God is a woman " ဆိုတဲ့ ဆွဲဆောင် မှု ရှိတဲ့ Ariana ရဲ့ ခပ်ချွဲချွဲ ဟန်တချို့ တွေ့ ရမှာ ဖြစ်ပါတယ်။ နောက်ခံ တေးဂီတ ကို ခရစ်ယာန်ဘုရားတေးသီချင်း ဟာမိုနီ ပုံစံ အသားပေး သီဆိုထားပြီး ဒီ သီချင်းရဲ့ ဟာမိုနီ အစအဆုံးကို Ariana တစ်ဦးတည်းက သီဆိုထားကြောင့် အင်တာဗျူး တစ်ခုမှာ ဖွင့်ဟ ဝန်ခံလိုက်ပါတယ်။

source: You tube; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။