အကယ်ဒမီ သက်မွန်မြင့်ဟာ သူမ ချစ်မြတ်နိုးတဲ့ သူမယောက်ျားနှင့် အိမ်ထောင်ကျကာ သားတစ်ယောက် သမီးတစ်ယောက် ရပြီး ဖြစ်ပါတယ်။ သားလေးအားချစ်ကိုမွေးပြီး ၁၄ ရက်နေ့ ၁၂ လ ၂၀၁၆ မှာ သမီးငယ်လေးကို ထပ်မံမွေးဖွားခဲ့တာဖြစ်ပါတယ်။ Sweet Child ဆိုတဲ့ ကလေးအဝတ်အစားတွေ ရောင်းတဲ့ ဆိုင်ဖွင့် ထားတဲ့ မေမေသက်မွန်မြင့်ဟာ သူမရဲ့ သမီး အသစ်စက်စက်လေးကို သိချင်တဲ့ သူတွေ အတွက်ထုတ်ပြီး ကြွားလိုက်ပြန်ပါတယ်။
ကလေးလေး ကို ဂါဝန်ပုစိ လေးတွေ ဝတ်ပေးကာ ဓာတ်ပုံရိုက်ထားပုံက ချစ်စရာလေးပါ။ New Born Baby ဆိုပြီး မွေးကင်းစ ကလေးလေး တွေ အတွက် အလှ ဓာတ်ပုံ ရိုက်ပေးတဲ့ ထုံးစံ ဟာ အနောက်တိုင်းကနေ တဆင့် မြန်မာနိုင်ငံကို ရောက်လာကာ မိမိကလေးအတွက် အမှတ်တရလေးတွေ ဖန်တီးပေးဖို့ရည်ရွယ်ချက်နှင့် ရိုက်ကူးလာတာကိုလည်း အများအပြားတွေ့ရပါတယ်။ သက်မွန်မြင့်ရဲ့ သမီးလေးကတော့ ဓာတ်ပုံထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေရဲ့.....







anna
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။