စိုင်းစိုင်းဆိုတာနဲ့ ဂီတလောကမှာရော သရုပ်ဆောင်လောကမှာပါ လူသိများပြီးဆယ်စုနှစ် တစ်ခုတိုင်အောင် အောင်မြင်ကျော်ကြား လူသိများတဲ့ ဝါရင့်အနုပညာရှင်တစ်ယောက် ဆို တာ ပရိသတ်ကြီး သိပြိးဖြစ်မှာပါနော် ။ သူ့ရဲ့သီချင်းအသစ်တွေကိုစောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် သီချင်းအသစ်တစ်ပုဒ် ဖြစ်တဲ့ “ ပြီးရင်ဘာမှ ဆက်မဖြစ်ဘူး “ ဆိုတဲ့ သီချင်းအသစ်လေးထွက်ရှိလာပါပြီ ။


ဒီသီချင်းရဲ့ အဓိပ္ပါယ်ကတော့ သူငယ်ချင်းမက ရည်းစားမကျ စုံတွဲတွေရဲ့ အခုခေတ် ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းရာလေးတွေကိုလူငယ်ဆန်ဆန် ရေးဖွဲ့ထားတာပါ ။ ဘုရားအတူသွား ရုပ်ရှင်အတူကြည့် တွဲသွားတွဲလာလုပ်ခဲ့ပေမယ့် ရည်းစားမဖြစ်ဘဲ နောက်ပိုင်းလည်း ဘာမှဆက်မဖြစ်တော့ဘူးဆိုတဲ့ အကြောင်းကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ် ။ ထုံးစံအတိုင်း သူ့ရဲ့အမိုက်စား စာသားတွေက ပရိသတ်ရင်ကို ထိရှစေဦးမှာပါ ။


မိန်းကလေး ပရိသတ်အမြောက်မြားပိုင်ဆိုင်ထားတဲ့ စိုင်းစိုင်းတစ်ယောက်ကတော့ နှုတ်ခမ်းနီမလေးတွေအသည်းကို ဒီသီချင်းထပ်မံခြွေချလိုက်ပြန်ပါပြီ ။ ဆယ်စုနှစ်တစ်ခုထိ လူသိများအောင်မြင်လာတဲ့ အောင်မြင်မှုတစ်ခုကို ရေရှည်ထိန်းသိမ်းထားနိုင်ခဲ့တဲ့ အနုပညာရှင်ကောင်းတစ်ယောက်ရဲ့ သီချင်းအသစ်လေးကို ပရိသတ်တွေလည်း ကြိုက်နှစ်သက်မယ်ထင်ပါတယ် ။ ချစ်ပရိသတ်ကြီးအတွက် စိုင်းစိုင်းရဲ့ သီချင်းအသစ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Sai Sai Khan Hlaing
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။