မော်ဒယ်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး လက်ရှိမှာတော့ သရုပ်ဆောင်တစ်ဦးဖြစ်နေပြီဖြစ်တဲ့ ရွှေပိုးအိမ်တစ်ယောက် တစ်ခေတ်တစ်ခါက နာမည်ကြီး မင်းသားတစ်ဦးဖြစ်တဲ့ ဒွေးရဲ့နာရေးကို လိုက်ပါပို့ဆောင်ဖူးတဲ့အကြောင်းလေးကို လွမ်းလွမ်း ဆွေးဆွေးလေး ရေးသားထားခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာ နာမည်ကျော်မင်းသား ဒွေးရဲ့ ကွယ်လွန်ခြင်း 11 နှစ်ပြည့်မြောက်တဲ့နေ့လည်းဖြစ်ပါတယ်။

အနုပညာရှင်တွေအသီးသီး စိတ်မကောင်းဖြစ်ကြတဲ့အကြောင်းအရင်းလေးတွေကို သူတို့ရဲ့ ကိုယ်ပိုင် Facebook မှာရေးသားထားကြတာဖြစ်ပြီး ရွှေပိုးအိမ်ကလည်း သူမ သဘောကျ အားပေးခဲ့တဲ့ မင်းသားကို လွမ်းလွမ်းဆွေးဆွေးလေး တမ်းတလိုက်တာပဲဖြစ်ပါတယ်။ တစ်ခေ တ်တစ်ခါက နာမည်ကျော်မင်းသားတစ်ဦးဖြစ်ခဲ့ပြီး ငယ်ရွယ်စဉ်မှာပဲ ကြွေလွင့်ခဲ့ရတာမို့ ပရိသတ်တွေက နှမြောတသဖြစ်ခဲ့ရတဲ့ မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။

ရွှေပိုးအိမ်က သူမရဲ့ Facebook မှာ " ကိုသားကြီး အသုဘချတဲ့နေ့မှာ ရွှေပိုးတို့ ညီအမ နှစ်ယောက် လိုက်ပို့ပေးခဲ့ကြသေးတယ် အဲ့လောက်ထိ ကိုသားကြီးကို ရူးသွပ်ခဲ့တာပါ " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ အရည်အသွေးရှိတဲ့ အနုပညာသမားတစ်ယောက်ဖြစ်တာမို့ အနုပညာသမား တိုင်းလိုလို ဝမ်းနည်းနှမြောတသဖြစ်ကြရပါတယ်။ ခုလိုအမှတ်တရ နှစ်ပတ်လည်နေ့လေးမှာ အားလုံးလည်း သတိတရရှိစေဖို့ ပြန်လည် တင်ဆက်ပေးလိုက် ပါတယ်။

Photo - Shaw Poe Eain

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။