မော်ဒယ်စူးရှထက်၏ တရားစွဲဆိုခြင်းကိုခံထားရသော အဆိုတော် အစ္စဏီ အမှုတွင် တရားလိုမှ ရုံးပြောင်းစစ်ရန် လျှောက်ထားခဲ့ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကျော်ဇင်ဦး ကပြောကြားခဲ့ပါတယ်။ယင်းအမှုဖြစ်စဉ်နှင့်ပတ်သက်၍ မော်ဒယ် စူးရှထက်(ခေါ်)မဇာခြည်ဌေးက အစ္စဏီ (ခ) ဟန်ထွန်းဇော်အား တာမွေမြို့မရဲစခန်းတွင် (ပ)၃၆၂ /၂၀၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၃၇၆ /၃၂၅/၃၂၄ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။ ဇူလိုင် ၉ ရက်နေ့ကစစ်ဆေးသော ၉ ကြိမ်မြောက်ရုံးချိန်းတွင် မော်ဒယ်စူးရှထက် မလာရောက်၍ မစစ်ဆေးဖြစ်ခဲ့ဘဲ တရားလိုဘက်မှ ရုံးပြောင်းလျှောက်ထား ကြောင်း ကိုသာ အဆိုတော်အစ္စဏီ၏ ရှေ့နေက ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ရုံးချိန်းလာရောက်စဉ်မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာအခုလိုပြောခဲ့တာပါ။ မကြာသေးမှီကမှ အစ္စဏီ ဘက်မှ တင်ပြခဲ့တဲ့ ဗီဒီယိုဖိုင်ကို ရုံးတော်မှ လက်ခံပြီး နောက်ပိုင်းမှာ စူးရှထက် ဘက်ကနေ ရုံးပြောင်းလျှောက်ထားခဲ့တာလည်းဖြစ်ပါတယ်။  

“ တရားလိုကနေပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ရာဇဝတ်ပြင်ဆင်မှုအမှတ် ၆၅/ ၁၈ နဲ့ရုံးပြောင်းလျှောက်ထားတဲ့အတွက် တရားလိုကိုမစစ်ဆေးပါဘူးဆိုပြီး တင်ပြတဲ့အတွက် ရုံးတော်ကနေပြီး နောက်ရုံးချိန်းတစ်ချိန်းထပ်မံချိန်းဆိုထားပါတယ် “ ဟု တရားလွှတ်တော် ရှေ့နေ ဦးကျော်ဇင်ဦး ကပြောပါတယ်။တာမွေမြို့နယ်တရားရုံးမှလည်း လုံခြုံရေးအပြည့်အဝပေးနေသည့်အပြင် မှန်မှန် ကန်ကန်လည်း စစ်ဆေးပေးနေသောကြောင့် မည်သည့်အတွက် ရုံးပြောင်းလျှောက်ထားရသည်ကိုတော့ မသိရှိရသေးကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။ဒ့ါအပြင် တရားလိုဘက်မှ ထိုသို့လာရောက်ရန်ပျက်ကွက်နေ၍ စွပ်စွဲခံရသူဘက်မှ နစ်နာကြောင်းလည်း တရားခံရှေ့နေ ဦးကျော်ဇင်ဦးကပြောပါတယ်။ 

“ ပျက်ကွက်နေတယ်ဆိုတော့ စွပ်စွဲခံရသူအနေနဲ့ အချုပ်အနှောင်ခံရတာ နစ်နာတာပေါ့ “ ဟု ၎င်းကဆိုသည်။နောက်တစ်ပတ်ရုံးချိန်းကို တရားရုံးက ဇူလိုင် ၁၆ ရက်သို့ချိန်းဆိုလိုက်ပြီး ရုံးပြောင်း လျှောက်ထားလွှာကျလာပါက စစ်ဖြစ်မည်မဟုတ်ဟု သိရသည်။စွဲဆိုထားသည့်အမှုနှင့်စပ်လျဉ်း၍ တရားဥပဒေဘောင်အတွင်းမှ ဆက်လက်ဆောင်ရွက်သွားမည်ဟု မော်ဒယ် စူးရှထက်က ပြောဆိုထားသည်။ရုံးပြောင်းခဲ့ပေမယ့် အပြုံးမပျက်ခဲ့တာကတော့ စွပ်စွဲခံထားရတဲ့ အစ္စဏီပါ ။ ဘယ်သူမှန်တာ ဘယ်သူမှားတာ သေသေချာချာမသိနိုင်တဲ့ ဒီအခြေအနေမျိုး မှာ အမှန်တရားပေါ်ပေါက်စေဖို့ မှတ်ချက်မှာဆုတောင်းပေးခဲ့ပါဦးနော်။

Exclusive on Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။