ရွှေအိမ်စည်ကတော့ Miss လောကရဲ့ နာမည်ကြီးအမျိုးသမီးတစ်ဦးလို့ ပြောလို့ရပါတယ်။ သူမက Miss Grand Myanmar 2017 ရဲ့ Winner တစ်ယောက်ဖြစ်ခဲ့ပြီး အကြောင်းတစ်ခုကြောင့် သရဖူ ပေးအပ်လိုက်ရပေမယ့် ပရိသတ်များစွာက သူမဘက်က ရပ်တည်ခြင်းခံခဲ့ရတဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာအရပ်ရပ်က ပရိသတ်တွေရဲ့ အားပေးမှုပိုင်ဆိုင်ထားတဲ့ ထက်မြတ်တဲ့ မော်ဒယ်မင်းသမီးတစ်ဦး ဖြစ်ပါတယ်။
သူမရဲ့ အသားအရေက ကြည်လင်လှပတဲ့အပြင် မျက်နှာကလည်း ပြင်ဆင်မှုမရှိတောင်မှ သွယ်လျပြီး သဘာဝအတိုင်းလှနေတဲ့ သူဖြစ်ပါတယ်။ သူမတဲ့ ထူးခြားတဲ့အလှကတော့ သူမရဲ့ အချိုးအစားပြေပြစ်လှတဲ့ ခန္ဓာကိုယ်ပဲ ဖြစ်ပါတယ်။ ဆံနွယ်လေးတွေနက်မှောင်လှပတဲ့ အိမ်စည်က ပြီည့်စုံတဲ့ အလှပိုင်ရှင်လေးပဲ ဖြစ်ပါတယ်။ သူမရဲ့ Bikini ဝတ်ဆင်ထားတဲ့ အလှအပပုံတွေကလည်း ပရိသတ်တွေရဲ့ အားပေးစိတ်ဝင်စားမှုကို ရရှိစေခဲ့ပါတယ်။
လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ Show ပွဲတွေနဲ့ MTV တွေအပြင် သရုပ်ဆောင်အနေနဲ့လည်း "ကြိုးဖုန်း" ဇာတ်ကားကြီးမှာဖြိုးငွေစိုး ၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူမပါဝင် သရုပ်ဆောင်ထားတဲ့ ဟဲလေးရဲ့ "မှည့် " သီချင်း MTV မှာလည်း ရွှေအိမ်စည် ရဲ့အလှတရားတွေက ပရိသတ်တွေကို အံ့သြလောက်စေခဲ့ပါတယ်။ စကားပြောဆိုရာမှာလည်း ပွင့်လင်းပြတ်သားစွာ ပြောဆိုတတ်တဲ့ အိမ်စည်က ရယ်လိုက်တိုင်း ပါးချိုင့်လေးနဲ့ပိုလှစေပါတယ်။ ကဲ ချစ်ပရိသတ်ကြီးအတွက် ယောက်ျားလေး စတိုင်နဲ့ အထာကျနေတဲ့ အိမ်စည်ရဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
Source: Shwe Eain Si;
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။