လက်ရှိမှာတော့ ပရိသတ်တွေ စိတ်ဝင်စားမှု အများဆုံးနဲ့ မကြာခင် ဇူလှိုင်(၁၃) ရက် မှာ ရုံတင်ပြသတော့မဲ့ " တိမ်တိုက်တံတား " ရုပ်ရှင် ဇာတ်လမ်းကြီးရဲ့ Press show ကို JCGV Junction City တွင် ပြုလုပ်ခဲ့ပါတယ်။ ဒီ အထူးပြသပွဲသို့ " တိမ်တိုက်တံတား" ရုပ်ရှင်ဇာတ်ကားတွင် အပါအဝင် နေတိုး၊ ထွန်းထွန်း၊ ခင်ဝင့်ဝါ ၊ ဗီယက်နမ်မင်းသမီး ငုယင်ထရန် တို့နှင့်အတူ အခြားသော အနုပညာရှင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသလို အခြားသော အနုပညာရှင်တွေကပါ တရုံလုံးနီးပါး ငိုခဲ့ရတဲ့ အကြောင်း Feedback ကောင်းတွေ ပေးခဲ့ကြပါတယ်။

ရှမ်းပြည်နယ် တောင်တန်းဒေသ ၊ နမ့်ပန်ဒေသ ကို နောက်ခံထားတဲ့ ဒီရုပ်ရှင်ဇာတ်လမ်းလေးမှာ နမ့်ပန်ဒေသ ရွာသူရွာသားတွေ ရဲ့ ပညာရေး ၊ ကျန်းမာရေး နဲ့ ပြည်သူ့ ဝန်ထမ်း လိုအပ်ချက်တွေ ၊ စစ်ဘေး ဒဏ်ခံစားရတဲ့ပြည်သူတွေ အကြောင်း အပါအဝင် အမှန်တကယ် ဖြစ်ရပ်တွေကို နောက်ခံထားတာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ သရုပ်ဆောင်တွေထဲက စစ်ဘေး ကြောင့် ခြေထောက် တစ်ဖက် ဆုံးရှူံးခဲ့ရတဲ့ ကလေးတစ်ယောက်ရဲ့ စိတ်ကူးအိမ်မက်တွေကို သက်တန့်ရောင် တံတားလေး အဖြစ် ဖန်တီးပေးချင်တဲ့ စွန့်လွတ်အနစ်နာခံ လူတစ်ယောက် အကြောင်း စိတ်ကူးဖော်ပြလိုက်တဲ့ ဝမ်းနည်းစရာ ဒရမ်မာရုပ်ရှင်လေး အဖြစ် ဖော်ပြ ရိုက်ကူးထားပါတယ်။ ဝါရင့် အထူးသရုပ်ဆောင် တွေ ဖြစ်ကြတဲ့ အကယ်ဒမီ နေတိုး ၊ အကယ်ဒမီ ထွန်းထွန်း ၊ ခင်ဝင့်ဝါ နဲ့ ငုရင် တို့ က အကောင်းဆုံး ပုံဖော် သရုပ်ဆောင်ထားတာမို့ တကယ့်ကို မျက်ရည် စို့ စေမဲ့ ဒရမ်မာ ရုပ်ရှင် ဇာတ်လမ်းလေး ဖြစ်ပါတယ်။  

Hanna Yuri ကိုယ်တိုင် ရှမ်းပြည်နယ် တောင်ကြီးသူ လေးဖြစ်သလို နမ့်ပန် တောင်တန်းဒေသရဲ့ အနာဂတ်ကလေးတွေ အတွက် အိမ်မက်တွေကို သူမ အနေနဲ့ ပြန်လည် ခံစားလို့ " လေးစားရတဲ့အနုပညာရှင်ကြီးတွေ အားလုံးအရမ်းကြိုးစားထားတဲ့ဇာတ်လမ်းကောင်းလေးပါ ၊ မခင်ဝင့်ဝါမျက်လုံးအကြည့်တွေကအစ အရမ်းအသက်ပါတယ်ငိုရတယ်နောက်ပြီးဇာတ်ကားထဲဒီကလေးလေး အိမ်မက်တွေဘဝရည်မှန်းချက်တွေအကုန်ပြည့်ပါစေ ဆုတောင်းပေးလိုက်ပါတယ် " လို့ သူမရဲ့ facebook စာမျက်နာ ထက်ကနေ ရုပ်ရှင်ထဲက သရုပ်ဆောင် တစ်ဦး အပါအဝင် ဖြစ်တဲ့ ခြေတစ်ဖက် မပါတဲ့ ကလေးလေး တစ်ဦးနဲ့ အမှတ်တရ ပုံလေးတွေကို မျှဝေလိုက်ပါတယ်။ Hanna Yuri ဟာ ဝိညာဉ်စိမ်း ရုပ်ရှင် ဇာတ်လမ်းထဲမှာ သရဲဇာတ်ရုပ်တွေအတွက် အထူးမိတ်ကပ်ပြုလုပ်ချက် တွေ ဖန်တီးခဲ့သလို လက်ရှိမှာတော့ နိုင်ငံခြားကော မြန်မာနိုင်ငံမှာပါ မော်ဒယ်လ်၊ မိတ်ကပ်ပညာရှင် တစ်ဦး အဖြစ် အနုပညာ လောကမှာ ရပ်တည် လျှက်ရှိပါတယ်။

Source : Hanna Yuri & တိမ်တိုက်တံတား ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။