ကစ်ကစ်လို့ချစ်စနိုးခေါ်ရတဲ့ ဝတ်မှုန်ရွှေရည် ကတော့ ပရိသတ်လက်ခံအားပေးပြီးသား နာမည်ကြီးအနုပညာရှင် မင်းသမီးချောလေး ဘဲ ဖြစ်ပါတယ် ။ သူမရဲ့ သရုပ်ဆောင် ကောင်းမှုတွေကြောင့် အကယ်ဒမီ နှစ်ခုကို ထိုက်ထိုက်တန်တန်ဆွတ်ခူး ထားသူလေး လဲဖြစ်ပါတယ် ။ သူမရဲ့ မျက်နှာလေးက ဖြူဖြူစင်စင်နဲ့အေးချမ်းတဲ့အလှကို ပိုင်ဆိုင်ထားလို့ မြင်ရသူတိုင်း ရင်အေးစေတဲ့အလှပိုင်ရှင်လေးဘဲ ဖြစ်ပါတယ် ။



သူမ က ဇူလိုင်လ 8ရက်နေ့က L'Oréal Paris Red Carpet show မှာ အနီရောင် ဝတ်စုံ လေးနဲ့အရမ်းကို တောက်ပခမ်းနားစွာ လှပနေခဲ့တာပါ ။ သူမကို မိတ်ကပ်မေဦးက ပြင်ဆင် ပေးထားပြီး သူမရဲ့ အနီရောင် ဝတ်စုံလေးကိုတော့ Ahlatt Lumyang က ချုပ်လုပ်ပေး ထားတာပါ ။ သူမရဲ့ လက်ဝတ်ရတနာတွေကိုတော့ New Star Gems & Jewellery က စပွန်ဆာပေးထားတာ ဘဲဖြစ်ပါတယ် ။ သူမဟာ သူမရဲ့ခမ်းနားလွန်းတဲ့အလှတွေကို short video လေးရိုက်ကူးပြီး ပရိသတ်တွေကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ။ အနီရောင် ကောဇာ ပေါ်မှာ အနီရောင်တောက်တောက် ဝတ်စုံလေးနဲ့ အရမ်းကြီးပြင်ဆင်ခြယ်သထားခြင်း မရှိတာတောင် အရမ်းကို လှပနေတဲ့ ရွှေကစ်လေးကတော့ ထူးခြားအေးချမ်းတဲ့ အလှတွေ ပိုင်ဆိုင်ထားတယ်လို့ဆိုရမှာပါဘဲ ။



သူမရဲ့ပရိသတ်တွေကတော့ သူမကို နတ်သက်ကြွေတဲ့ နတ်သမီးလေးအလား လှပ နေ တယ်လို့မှတ်ချက်ပေးထားကြပါတယ် ။ သူမရဲ့ ကြည့်မဝတဲ့အလှတွေကတော့ ပရိသတ်တွေကို အချစ်ပိုစေတာဘဲ ဖြစ်ပါတယ် ။ ချစ်ရတဲ့ပရိသတ်ကြီးအတွက် ရွှေကစ်ရဲ့ အလှတွေကို တစ်ဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Witt Mhone Shwe Yi
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။