လာမယ့် ဇူလိုင် 13 ရက်နေ့မှာ ရုံတင်ပြသမယ့် " ဘော်ဘော်ကထှော် " ရုပ်ရှင်ဇာတ် ကားကို စနေနေ့မှာ Press Show ပွဲကို သမ္မတရုပ်ရှင်ရုံမှာ ပြသခဲ့တာပဲဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင် ဇာတ်ကားထဲက ဇာတ်ကောင်တွေဖြစ်တဲ့ ဘော်ဘော်ကထှော်လူမျိုးစုတွေရဲ့ ဝတ်စားပုံ ပုံစံတွေအတိုင်း ပရိသတ်တွေကို ကပြဖျော်ဖြေနေတဲ့ ပုံရိပ်တွေကိုလည်း မြင်တွေ့ခဲ့ ရပါတယ်။


တကယ့်ကိုပါးစပ်မပိတ်နိုင်လောက်အောင် ရယ်ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပြီး ဖန်တီးမှု ပုံစံတွေဟာလည်း တကယ်ကိုအလန်းစားပါပဲ။ မြင့်မြတ်၊ ခင်လှိုင်နဲ့ Joker တို့သုံးယောက် သားရဲ့ ပီပြင်ပြောင်မြောက်တဲ့ ဟာသတင်ဆက်မှုတွေဟာ ကြည့်ရှုသူပရိသတ်တွေရဲ့ စိတ်အာရုံ တွေကို ပျော်ရွှင်ခြင်းတွေ ပေါင်းစပ်ပေးမယ်ဆိုတာ အသေအချာပါပဲ။


ဒီဇာတ်ကားကို ဒါရိုက်တာကိုပေါက်ကရိုက်ကူးထားပြီး မြင့်မြတ်၊ရာဇာနေဝင်း၊ခင်လှိုင်၊Joker၊ ရွှေသမီး၊ ဆုအိမ့်စံနဲ့ မုဏ်းတို့က အဓိကပါဝင် သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က သမ္မတရုံမှာကျင်းပတဲ့ Press Show ပွဲမှာ ဖျော်ဖြေနေတဲ့ ပြင်ပဘော်ဘော်က ထှော်တို့ရဲ့ ဖျော်ဖြေမှု Video လေးတွေကို ပရိသတ်ကြီးလည်း ထပ်တူမြင်တွေ့နိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်။
Photo - ဘော်ဘော်ကထှော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။