"လေထဲအိမ်" ဆိုတဲ့သီချင်းလေးကို ဘန်နီဖြိုးနဲ့အတူ တွဲဖက်သီဆိုထားတဲ့ ချစ်ဖို့ကောင်း လွန်းတဲ့ အဆိုတော်မလေး အမရာဘုဏ်းဆိုရင်တော့ ပရိသတ်တွေသိပြီး ဖြစ်မှာပါနော် ။ လူငယ်တွေရဲ့နှုတ်ဖျား ခုထိရေပန်းစားနေတဲ့ သီချင်းလေးတစ်ပုဒ်ကို အဆိုတော်ဘန်နီဖြိုးနဲ့ အတွဲညီစွာ သီဆိုနိုင်ခဲ့သူတစ်ယောက်ပါပဲ။ လက်ရှိမှာတော့ သူမရဲ့ MTV အသစ်လေးက လူမှုကွန်ယက်မှာ ပရိသတ်တွေ အကြိုက်တွေ့နေကြပါတယ် ။



သီချင်းလေးရဲ့နာမည်ကတော့ "အိပ်မက် " လို့အမည်ရပြီး ချစ်စရာကောင်းအောင် ပေါ့ပေါ့ ပါးပါး သရုပ်ဆောင်ထားလေးက ချစ်စရာကောင်းလွန်းနေပါတယ် ။ ချစ်စရာကောင်းတဲ့ သီချင်းလေးနဲ့အတူ လှပတဲ့ ရှုခင်းတွေက သီချင်းလေးကို ပိုရုပ်လုံးကြွစေတယ် လို့ထင် ရပါတယ် ။ ချစ်စရာကောင်းတဲ့ သဘာဝရှုခင်းလေးတွေကို အသားပေးရိုက်ကူးထားပြီး အမရာလေးရဲ့ ချစ်စဖွယ်သရုပ်ဆောင်ချက်လေးတွေကလည်း သွက်လက်တက်ကြွပြီး အရမ်းကို လူငယ်ဆန်တဲ့ သီချင်းလေးတစ်ပုဒ်လို့ပြောလို့ရပါတယ် ။



ငယ်ရွယ်ပေမယ့်လည်း ထူးခြားကာ ဆွဲဆောင်မှုရှိတဲ့အသံနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ကာ အခုလတ်တလောမှာတော့ မကြာမီထွက်ရှိလာမယ့် သူမရဲ့အယ်ဘမ်သစ်အတွက် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ သူမရဲ့ တေးအယ်ဘမ် အသစ်ကိုတော့ ဘန်နီဖြိုး၊ X Box ၊လွမ်းပိုင်နဲ့ G-Fatt တို့က ပါဝင်အားဖြည့်ပေးထားတယ်လို့ သိရပါတယ်။ အမရာကိုချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ သီချင်းအသစ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Amayar Phone


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။