ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာစိုးမိုးထားတဲ့ မြန်မာမင်းသားချောနေတိုးနဲ့ ဗီယက်နမ်မင်းသမီးချောလေး ငုရင်ထရန်ဟုရန်မိုင်တို့ကတော့ လိုက်ဖက်ညီတဲ့ အနုပညာစုံတွဲလေးအဖြစ် ပရိသတ်တွေမြင်တွေ့ရတော့မှာဖြစ်ပါတယ်..။

ပြည်သူချစ်အနုပညာရှင်မောင်နှမတွေဖြစ်ကြတဲ့ သူတို့နှစ်ဦးရဲ့ ရိုမန်တစ်ဇာတ်ကားလေးဖြစ်တဲ့ “တိမ်တိုက်တံတား” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ လိုက်ဖက်ညီတဲ့ စုံတွဲလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်..။

“တိမ်တိုက်တံတား” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့်ဇူလိုင်လ(၁၃)ရက်နေ့လေးမှာ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရှေ့ ရောက်ရှိ ချပြလာတော့မှာပဲဖြစ်ပြီး ရုပ်ရှင်အထူးပြပွဲလေးကိုတော့ ဇူလိုင်လ(၈)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာ တွေ့ရပါတယ်..။

အဲ့ဒီဇာတ်ကားထဲက သူတို့နှစ်ဦးရဲ့ ရိုမန်တစ်ဆန်ပြီးပီပြင်လွန်းတဲ့ ဇာတ်ဝင်ခန်းအချို့ကြောင့် ဇာတ်ကားကြော်ငြာထွက်ကတည်းက ပရိသတ်တွေရဲ့စိတ်ဝင်စားမှုတွေကို အခိုင်အမာရရှိထားတဲ့ ဇာတ်ကားကောင်းလေးလည်း ဖြစ်ပါတယ်..။

ဇာတ်ကားအထူးပြ အခမ်းအနားပွဲမှ ပျော်ရွှင်စရာပုံရိပ်လေးတွေကိုလည်း နေတိုးကချစ်ရတဲ့ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေထားပြီး အခြားအနုပညာရှင်များစွာကလည်း တတ်ရောက်ခဲ့ကြတာ တွေ့ရပါတယ်..။

မင်းသားချောလေးနေတိုးနဲ့ ဗီယက်နမ်အလှမယ်မင်းသမီးချောလေး ငုရင်တို့ရဲ့ မကြာခင် ပရိသတ်တွေရှေ့ရောက်ရှိလာတော့မယ့် “တိမ်တိုက်တံတား” ရုပ်ရှင်ဇာတ်ကားလေးကိုလည်း စောင့်မျှော်အားပေးကြဖို့ မမေ့နဲ့နော်..။

Photo - နေတိုး ၊အေးဇော်မိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။