ရွှေမှုန်ရတီကတော့ အသက်ငယ်ငယ်နဲ့ အနုပညာလောကမှာ အောင်မြင်ကျော်ကြားနေတဲ့ သရုပ်ဆောင်ဖြစ်ပါတယ်။ စင်တင်မင်းသမီးဘဝကနေစခဲ့ပြီး ဗီဒီယိုဇာတ်ကားများစွာရိုက်ကူးရတဲ့အပြင် ရုပ်ရှင်ကားများစွာမှာလည်း ပါဝင်သရုပ်ဆောင်နိုင်သူဖြစ်ပါတယ်။သူမရဲ့ မျက်နှာအမူအရာကလည်း ပရိသတ်ကိုဖမ်းစားနိုင်ပြီး ဇာတ်ရုပ်တိုင်းကို သဘာဝကျကျ သရုပ်ဆောင်နိုင်တဲ့သူ ဖြစ်ပါတယ်။


သူမရဲ့ ခန္ဓာကိုယ်၊ မျက်နှာ၊ အသားအရည်၊ အရပ်က အစ ပြောစရာမရှိအောင်လှပြီး တစ်နေ့တစ်ခြား ပိုလှလာတဲ့သူလေး ဖြစ်ပါတယ်။ စကားအပြောအဆိုကလည်း ပွင့်လင်းတာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားချစ်ခင်မှုကို ခံရသူလေးဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်တဲ့သူမက ဝါရင့် သရုပ်ဆောင်များနဲ့အတူ သရုပ်ဆောင်နိုင်သူဖြစ်ပြီး ငယ်ရွယ်ထက်မြတ်တဲ့ မင်းသမီးတစ်ဦးအဖြစ်ရပ်တည်နေသူ ဖြစ်ပါတယ်။


သူမက အချစ်ရေးကိုလည်း ပွင့်ပွင့်လင်းလင်းချပြတဲ့တတ်တဲ့သူလည်း ဖြစ်ပါတယ်။ မကြာခဏဆိုသလိုလည်း သူမရဲ့ ရေကူးဝတ်စုံနဲ့အတူ Sexyကျပြီး ဆွဲဆောင်မှုပုံတွေလည်း တင်လေ့ရှိပါတယ်။ ပရိသတ်တွေကလည်း တည်တည်နေတတ်တဲ့ သူမကို ပိုချစ်ခင်ကြပါတယ်။ ကဲ အခုလည်း ပရိသတ်တွေအတွက် အနက်ရောင်ဝတ်ဆင်ထားပြီး ဂေါ်နေတဲ့ ရွှေမှုန်ရဲ့ အမိုက်စားပုံလေးတွေကိုရှုစားဖို့ ဖော်ပြလိုက်ပါတယ်။
Source:Shwe Hmone Yati;



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။