ပျိုပျိုမေတို့ရဲ့ နှင်းဆီခိုင်လေးတစ်ခိုင်ဖြစ်တဲ့ အမိုက်စားဘော်ဒီနဲ့ ထူးအောင်တစ်ယောက် အမိုက်စားဘော်ဒီပုံရိပ်နဲ့အတူ အမိုက်စားတော်ကီတစ်ခွန်းနဲ့ ပရိသတ်တွေရဲ့အသည်းကို ခြွေချလိုက်ပြန်ပါပြီ။ မိုက်လွန်းတဲ့ ဘော်ဒီအချိုးအစားကြောင့် ပျိုပျိုမေတို့ရဲ့ဝန်းရံမှုကို ရရှိနေ သူတစ်ဦးဖြစ်လည်းဖြစ်ပါ တယ်။ မော်ဒယ်အဖြစ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး လက်ရှိမှာတော့ သရုပ်ဆောင်ပိုင်းဖက်မှာ ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိ နေသူလည်းဖြစ်ပါတယ်။


" စစ်ကိုမုန်း၍ တိုက်ခဲ့သည် " ဇာတ်ကားမှာ တပ်ကြပ်ကျော်ဇအဖြစ်နဲ့ အမိုက်စားသရုပ်ေ aဆာင်ချက်တွေကတော့ ပရိသတ်တွေရဲ့ အသည်းတွေကို တဖြုတ်ဖြုတ်ကြွေစေခဲ့တာပဲဖြစ်ပါ တယ်။ ဒီနောက်ပိုင်းမှာတော့ " ပုဂံမြို့သူ " ဇာတ်လမ်းတွဲမှာ ပါဝင်သရုပေ်ဆာင်ခဲ့ပြီး မကြာ ခင်မှာလည်း ဒီဇာတ်လမ်းတွဲဟာ ပရိသတ်တွေရှေ့ကို အမိုက်စားဇာတ်လမ်းတစ်ပုဒ်အဖြစ်နဲ့ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။


ထူးအောင်တစ်ယောက် သူ့ရဲ့အမိုက်စား ဒဿနတစ်ခုကို " အပေါ်ယံအရေပြား၊ပုံပန်း သဏ္ဏာန်ကိုပဲမကြည့်ပါနဲ့။ နှလုံးသားကိုမြင်အောင်ကြည့်ပါ။မိတ်ဆွေ။ " ဆိုပြီးတင်ထားတာ ဖြစ်ပါတယ်။ အမိုက်စားဘော်ဒီအပြင် တော်ကီအလန်းစား ကြောင့်လည်း ပျိုပျိုမေတို့က ကြွေပြီး ရင်ကြွေနေရတာပေါ့။ Six Pack ပိုင်ရှင် သရုပ်အောင်ထူးအောင်ရဲ့ အလန်းစားပုံရိပ်တွေကို တင်ဆက်ပေး လိုက်ပြီနော်။
Photo - Htoo Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။