အင်းတော်ကြီးသည် မြန်မာနိုင်ငံတွင်အကြီးဆုံး သဘာဝရေအိုင်ကြီးဖြစ်သလို အရှေ့ တောင်အာရှတွင်လည်းအကြီးဆုံးဖြစ်ပါတယ် ။ ရှေးရာဇဝင်မှတ်တမ်းများတွင်တော့ အင်းကြီးနေရာသည် လူနေထိုင်ခဲ့သောဒေသဖြစ်ခဲ့ပြီး ဥတ္တရစောဖြူမင်းအုပ်ချုပ်တဲ့ မြို့တော်လို့လည်း ဆိုကြပါတယ်။ ထိုမြို့တော်ကို ရွှေတောင်နတ်မင်းကြီးရဲ့ အမိန့်အရ နဂါးမင်းသားက အင်းဖွဲ့ရာက မြို့တော်ပျောက်ကွယ်ပြီး အင်းကြီးဖြစ်လာခဲ့တယ်လို့ သိရပါတယ် ။



အင်းတော်ကြီးကန်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်မှာတည်ရှိပါတယ် ။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးသော သဘာဝ အင်းကြီးဖြစ်ပြီး တောင်နှင့်မြောက် အလျား (၁၄)မိုင်၊ အနံ(၇)မိုင်ရှိပြီး စတုရန်းမိုင် ၁၀၀ အပါအဝင်ဧရိယာ ၃၁၄.၆၇ စတုရန်းမိုင် ကျယ်ဝန်းပါတယ် ။ ပင်လယ်ရေမျက်နှာပြင်အထက် ၇၀၀-ပေ အမြင့်တွင် တည်ရှိသည်။ မိုးရာသီအချိန်တွင် အနောက်ဘက်ကမ်းရှိ လုံးတုံနှင့် အရှေ့ဘက်ကမ်းရှိ ဟဲပုရွာအကြား ရေပြင်အကျယ်ဆုံးဖြစ်ပါတယ် ။

ရေပြင်ကြီးသက်သက် အကျယ်အဝန်းသည် (၄၄.၉) စတုရန်းမိုင်ရှိပါတယ် ။ အင်းတော် ကြီးကန်အတွင်း အမှိုက်ဒိုက်သရိုက် ကင်းစင်ပြီး ရေကြည်လင်ပါတယ် ။ ရေပြင်ကျယ်ကြီးက ပင်လယ်ပြင်တမျှ ရှုမဆုံးအောင်လှပပြီး အမြင့် ပေ ၁၀ဝ၀ ကျော်မှ ၄၀ဝ၀ ကျော်ထိ မတ်စောက်မြင့်မားသော တောင်တန်းများ ကျောက်တောင်ကြီးများ ဝန်းရံထားပါတယ် ။ အင်းတော်ကြီးကန်ရဲ့ အလယ် အင်းစွယ်တစ်ခုပေါ်တွင် ရွှေမဉ္ဇူစေတီတော်ကို တည်ထား ပါတယ် ။ အင်းတော်ကြီးကန်ရဲ့ ပတ်ပတ်လည်မှာ တောင်ရိုးတောင်စွယ်များ ဝိုင်းရံထားသည့် ချိုင့်ဝှမ်းကြီးဖြစ်ပါတယ် ။

ရွှေမဉ္ဇူဘုရားသည် ကချင်ပြည်နယ်၏ အဓိကရ စေတီတော်ကြီး ဖြစ်ပါတယ် ။ တပေါင်းလ ဆန်း ဘုရားပွဲတော် ကျင်းပချိန် နီးကပ်လာရင် ဘုရားစေတီအရောက် လူလျှောက်သွားနိုင်ဖို့ သဲလမ်းမကြီးနှစ်လမ်း ပေါ်လာတတ်ပါတယ် ။ ဘုရားပွဲတော်ပြီးတဲ့အခါ သဲလမ်းများ ရေထဲ ပြန်မြုပ်သွားတတ်ပါတယ် ။ ဘုရားပွဲတော်ဟာ အနီးစပ်ချုပ်နဲ့ ရပ်ဝေးဧည့်သည်များနဲ့ စည် ကားလေ့ရှိပြီး အင်းပတ်ဝန်းကျင်မှာ တိုင်းလျှံ(ရှမ်းနီ)လို့ခေါ်တဲ့ ရှမ်းလူမျိုးတို့ဟာ ရှေးအစဉ်အဆက်ကတည်းကနေထိုင်ခဲ့ကြပါတယ် ။

အင်းတော်ကြီးကို ရှမ်းဘာသာနဲ့ လောင်းလုံစည်ခမ်း သို့မဟုတ် လင်လုံ ဟုခေါ်ကြပါတယ် ။ စည်ခမ်းအင်းကြီးလို့လည်း အဓိပ္ပာယ်ရပါတယ် ။ စည်ခမ်းဆိုတာ အင်းတော်ကြီးအင်းရယ်လို့ မဖြစ်ပေါ်လာမီက ရှိခဲ့တဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ် ။ အင်းတော်ကြီးကန်ပတ်လည်မှာ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတည်ရှိပါတယ် ။ ၁၉၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရှုမျှော်ခင်းများ၊ ရှားပါးနို့တိုက်သတ္တဝါများ၊ ငှက်များအ ပါအဝင် မျိုးကွဲတိရစ္ဆာန်များကိုလည်း တွေ့ရှိနိုင်ပါတယ် ။

အင်းတော်ကြီးအိုင် အံ့ဖွယ်ကိုးပါး ကတော့ အင်းတော်ကြီးသည်မြန်မာပြည်တွင် အကြီးဆုံးအင်းဖြစ်
၁- အလျှား – ၈ တိုင်၊ အနံ- ၄ တိုင်း ရှိခြင်းကတပါး။
၂- အနော် အတ္တအိုင်ကဲ့သို့ အလွန်ရေသန့်ရှင်းခြင်း ကြောင့်တပါး။
၃- အလွန်ကျယ်ဝန်းသည့် အင်းဖြစ်သော်လည်း အင်းထဲတွင် စိုးဝါးသော မိချောင်း စသည့် ငါးကြီးတို့ကို မစိုးဝါးရ အောင် အင်းတော်ကြီး အရှင်ကထိန်းသိမ်းခြင်းကြောင့်အံ့ဖွယ်တပါး။
၄- အင်းကြီးထဲတွင် မတော်တဆ လူတို့ကျသေဆုံးရသော်လည်းအနာအဆာမရှိ ငါးကြီးမျာလည်းမစားပဲ ကမ်းစပ်ရှောက်အောင် လှိုင်းပုတ်ခတ်တင်ပေးခြင်း။
၅- အင်းနားတွင်ရွှေကျင်သော် ရွှေများရရှိခြင်း။
၆- အမိုက်သရိုက်များကို အင်းထဲတွင် မရှိရအောင် နေ့စဉ်ညတိုင်း ကမ်းသို့အရောက်လှိုင်းပုတ်ခတ်ပေးခြင်း။
၇- တနှစ် သုံးကြိမ်ကျ သားမက်တော် နမ့်တိမ်းအရှင်က ယောက္ခမထံအရှင်ကြီးထံသို့ ရေပြောင်းပြန် ဆန်တက်ခြင်း။
၈- စစ်တိုက်ရာပါဝင်ကူညီသော ချောင်းများကို အင်းထဲသို့သန့်ရှင်းစွာ ဝင်ပြုခြင်း။
၉- နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလမှစ၍ ပြာသိုလအထိ အင်းထဲရှိငါးများကို အင်းတော်ကြီးတောင်ပိုင်း အခြားကွာ(၈)ဘုရားထိ လွဲအိမ်တောင်အရှင်ကြီးက အင်းထဲရှိငါးများကို ဆေးခတ်သဖြင့် ငါးများစွာသေခြင်းဖြင့် အံ့ဖွယ်ကိုးပါးရှိပါတယ် ။
Myanmar Wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။