ပရိသတ်တွေ ရင်ထဲကို ထိရှစေခဲ့တဲ့ နွေကန္တာဦး ရုပ်သံ ဇာတ်လမ်း ရဲ့ ဒါရိုက်တာကြီး ဇမ္ဗူထွန်းသက်လွင် ကတော့ ပရိသတ်တွေ ရင်ထဲကို နောက်ထပ် ရသတွေ ထပ်ပေးမဲ့ ဇာတ်လမ်းကောင်း တစ်ပုဒ်ကို ထပ်လို့ ဖန်တီး ရိုက်ကူးနေပါတယ်။ လက်ရှိ မှာတော့ မကြာခင် ပရိသတ်တွေ ရဲ့ တီဗွီ ဖန်သားပြင် ထက် ကို ရောက်ရှိလာဦးမဲ့ ဇာတ်လမ်းတွဲလေးကတော့ "ကြီးမြတ်သောမာတာ" ရုပ်သံ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။

ခင်ပွန်းသည် ဆုံးပါးပြီးနောက် ကလေး ငါးယောက်နဲ့ ဒုကဃရောက်ပြီးဖြတ်သန်းရတဲ့ မုဆိုးမ မိခင်တစ်ယောက်ရဲ့ ပူပင်သောကနဲ့ မေတ္တာကို ရည်ညွန်း ဖော်ပြရိုက်ကူးထားတဲ့ ဒရမ်မာ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ "ကြီးမြတ်သောမာတာ" ဇာတ်လမ်းတွဲမှာ မုဆိုးမမိခင် အနေနဲ့ အကယ်ဒမီ မိုမို့ မြင့်အောင်၊ ခင်ပွန်းသည် အနေနဲ့ ရဲအောင် တို့ အပြင် အခြားသော မင်းသားမင်းသမီး ကောင်းဆက်ထူး၊ အေးချမ်းမောင် နဲ့ အခြားသော သရုပ်ဆောင်များစွာပါဝင်မှာ ဖြစ်ပါတယ်။

ရိုက်ကွင်း နေရာတွေ အနေနဲ့ ကျေးလျက်သဘာ၀ ကို နောက်ခံထားရမှာ ဖြစ်တဲ့ အတွက် ရန်ကုန်မြို့ အပြင် ပုပ္ပား ၊ ပုသိမ် တို့ ဘက် ရိုက်ကူးမှာဖြစ်ပါတယ်။ ရိုက်ကွင်းတစ်ချို့ရဲ့ ပုံရိပ်တွေ အရ တကယ်ကို ဘဝပေးကြမ်း ပြီး ရင်နှင့်စေမဲ့ ဇာတ်ဝင်ခန်းတချို့ ထွက်ရှိလာပြီး မကြာခင်မှာ ပဲ ပရိသတ် ရင်ထဲ ရောက်ရှိလာတော့ မှာ ဖြစ်လို့ ဆက်လို့ စောင့်မျှော်အားပေးကြပါဦးနော်။

source: Zabuhtun Thetlwin ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။