Photo model ပြိုင်ပွဲတွေကတစ်ဆင့် အနုပညာလောကထဲ ဝင်ရောက်လာတဲ့ တိုင်ရွန်ဟာ အခုဆိုရင်တော့ အနုပညာနယ်ပယ်မှာ ရပ်တည်နေပြီပဲဖြစ်ပါတယ်။ သူက မော်ဒယ်ပြိုင်ပွဲတွေကတစ်ဆင့် လူသိများလာခဲ့တာလည်းဖြစ်ပါတယ်။နာမည်အရင်းကတော့ ဝင်းပြည့်အောင်လို့ခေါ်ပြီး သူရဲ့ ချောမောပြီး ယောက်ျားပီသတဲ့ပုံစံနဲ့ အမိုက်စားတက်တူးတွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ နာမည်ကြီးသူလည်း ဖြစ်ပါတယ်။


တိုင်ရွန်အနေနဲ့ Photo model တစ်ယောက်ဖြစ်တာကြောင့် ကြော်ငြာဓာတ်ပုံတွေ အဓိကရိုက်ကူးပြီး နောက်ပိုင်းမှာတော့ Actor တစ်ယောက်အဖြစ်ပါရပ်တည်လာပြီး MTVတွေမှာပါသရုပ်ဆောင်ရုံသာမက videoဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီၤးတွေပါရိုက်ကူးလာပြီ ဖြစ်ပါတယ်။ ''တစ်ခုလပ်'' နဲ့ ''တစ်ခါကမြို့ပြ''ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။


ဒါ့အပြင် သူဟာ ထွန်းရုပ်ရှင်ထုတ်လုပ်ရေးရဲ့ မင်းသားလည်းဖြစ်ပါတယ်။ တိုင်ရွန်က မိန်းကလေးတွေကြွေလောက်တဲ့ ရုပ်ရည်မျိုးပိုင်ဆိုင်ထားပြီး စတိုင်ကလည်း တကယ်မိပါတယ်။သူက ဖက်ရှင်အလန်းတွေဝတ်ဆင်တတ်ပြီး သူ့ရဲ့ ဘော်ဒီကလည်း တကယ်မိုက်ပါတယ်။ သူ့ရဲ့ ပုံအမိုက်စားတွေကိုလည်း ပရိသတ်တွေက ကြိုက်ကြပြီး Photogentic ဖြစ်တဲ့သူလည်း ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း တိုင်ရွန်ရဲ့ ရူတင်မရိုက်ခင် ဓာတ်ဖမ်းပြီးကဲနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီး အတွက် တင်ပေးလိုက်ပါတယ်။
Source: Tyron Bejay;





"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။