ပြည်သူချစ် ကြော်ငြာနဲ့ မော်ဒယ်လ် သရုပ်ဆောင် မယ်လိုဒီဟာ အရပ်မြင့်မြင့်၊ မျက်နာကျလေးကလည်း ဘိုဆန်ဆန်လေးမို့ တက်သစ်စ ၊ နာမည်ကြီး စကတည်း ကပရိသတ်တွေ စိတ်ဝင်စားမှု နဲ့ အားပေးမှု အခိုင်အမာ ရရှိခဲ့ ပါတယ်။ အချိန်တန်တော့ ချစ်သောသူနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သားဦးလေး မွေးဖွားခဲ့သလို မျက်ဝန်းလှလှလေးတွေနဲ့ ဖြူဖြူချောခောျ ချစ်စရာလေးမို့ မယ်လိုဒီ ရဲ့ ကိုယ်ပွားလေးလို ချစ်ကြပြန်ပါတယ်။

သားမွေးထားတဲ့ အနုပညာရှင် မေမေ တွေ ထဲမှာ မှ ယောက္ခမ အခေါ်ခံရဆုံး ကတော့ မေမေ မယ်လိုဒီ လို့ပဲ ဆိုရမလို ဒီ သားလေး သိဒ္ဓိစစ် ေ ကြာင့်မေမေ က နေရာတကာ မျက်နာပွင့်နေရပါတယ်။ခုဆိုရင်လည်း မေမေရဲ့ ရင်နှင်သည်းချာ သားသားကတော့ဖေဖေနဲ့ ပေါင်းပြီး မေမေကို မနာလိုအောင် လုပ်လိုက်ပြန်ပါပြီ။ သားလေး ကဖေဖေ နဲ့ အနေနည်းရ လို့ ဖေဖေနားပိုကပ်တယ်လို့ ပဲ ဆိုရ မလား၊ မနက်နိုးလာရင် ဖေဖေကို မတွေ့ ရင် ငိုတယ်လို့ မေမေမျိုးက ဆိုလိုက်ပါတယ်။

မေမေ မျိုး ကို မနာလိုသွားစေတာကတော့ " သားလေး သားသားဘဝမှာ ဖေဖေဆူမှာ စိတ်ဆိုးမှာအကြောက်ဆုံးဘဲ၊ ဖေဖေခရီးသွားရင် ပုံမှန်အိပ်ချိန်မှာအိပ်တယ်၊ဖေဖေရန်ကုန်မှာရှိရင်တော့ ဖေဖေအိပ်ယာထဲမဝင်မချင်း မအိပ်ဘူး၊ မနက်အိပ်ယာနိုးတော့ ဖေဖေ့ကိုမမြင်တော့ ငိုတယ်၊ ဘယ်လိုတွေ မေမေ့ရဲ့မနာလိုစိတ်တွေကိုဆွနေတာလဲအိုက်တင်တွေကိုလဲ မေးဦး" ဆိုပြီး ခုငိုလိုက် ခုရယ်လိုက်နဲ့ သိဒ္ဓိစစ်လေးက အဖေ့နား ကပ်ချွဲနေခဲ့တာဖြစ်ပါတယ်။ မေမေ မျိုးကတော့ဒီ သားသား လေးတစ်ယောက်နဲ့ မျက်နာပွင့်နေရတဲ့ မေမေ မို့ " အောန်ဆိုင်း လိုမျိုး ကြိုးစားတယ်၊ ဝီရိယ လည်းကောင်းတယ်၊ အားကစားလည်း လိုက်စားတယ်၊ ထူးချွန်တဲ့ ချွေးမမျိုး လိုချင်ပါတယ်"လို့ ခုကတည်း လိုချင်တဲ့ ချွေးမလောင်းလေး ပုံစံကိုလည်း ဖွင့်ဟလိုက်ပါတယ်။  

SOURCE: Melody myo & Awn seng;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။