ယုန်လေးတစ်ယောက် လတ်တလောမှာ မထင်မှတ်ထားတဲ့အဖြစ်အပျက် တစ်ခုကြောင့် ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေခဲ့ရတယ်လို့ဆိုပါတယ်။ ဒီကိစ္စ အတွက် ပရိသတ်တွေက စိတ်ပူနေကြသလို ယုန်လေးအတွက် စိတ်ပူပြီး ဝန်းရံပေးခဲ့ကြတဲ့ အနုပညာရှင်တွေလည်းရှိခဲ့ပါတယ်။ ယုန်လေးနဲ့ နီးစပ်သူတွေ အကုန်လုံး စိတ်ပူနေရတဲ့ ပြသနာ ကလည်း သေသေချာချာတွေးကြည့်ရင်စိတ်ပူစရာပါ ။

အနုပညာကို လွတ်လွတ်လပ်လပ် ဖော်ထုတ်တတ်တဲ့ ယုန်လေးတစ်ယောက် ရဲ့ Facebook အကောင့် ကို ပြီးခဲ့တဲ့ စနေနေ့ က ဟက်ကာ တစ်ယောက်က Hack ခဲ့တာလည်းဖြစ်ပါတယ် ။ Hack ခံရပြီး နောက်ပိုင်းမှာ ယုန်လေး ရဲ့ Account က Profile နဲ့ Cover တွေကို ယုန်ပုံတွေပြောင်းပြီး Status တွေကိုလည်း အင်္ဂလိပ်လိုရေးသားပြီး တင်ခဲ့တာပါ။ လတ်တလောမှာ ယုန်လေးအကောင့်မှာ အဓိပ္ပါယ်မရှိတဲ့စာတွေတင်နေခဲ့တာမို့ ယုန်လေးရဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ ဂျိုကာ၊ ဖြိုးလေး (Snare) နဲ့ ဟာသသရုပ်ဆောင် Kညီ တို့ က ယုန်လေးအကောင့်အဟက်ခံရခြင်းနဲ့ တင်သမျှစာတွေဟာ ယုန်လေးနဲ့မသက်ဆိုင်ကြောင်းရေးသားပြီး ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

လတ်တလော ယုန်လေးရဲ့ အကောင့်ပေါ်မှာရေးသားထားချက်တွေအရ Hackerဟာ ယုန်လေးကို အကောင့်ပြန်ပေးမှာမဟုတ်ကြောင်း ရေးသားထားပါတယ်။ ဒါတွေတင်မကသေးပါဘူး အဓိပ္ပါယ်မရှိတဲ့ စာတွေကိုလည်း ယုန်လေးရဲ့ အကောင့်မှာ ဆက်လက်တင်နေဆဲဖြစ်တာမို့ ပရိသတ်တွေက ဒေါသထွက်နေကြပါတယ်။ ယုန်လေးအကောင့် ကိုဟက်ခဲ့တဲ့ သူဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုလည်း ဟက်ကာတွေ ဘက်မှ ထုတ်ပြန်ကြေငြာထားခြင်းလည်းမရှိသေးပါဘူး ။ ပရိသတ်ကြီးရေ အခုလိုအနုပညာရှင်တွေရဲ့ အကောင့်တွေကိုတောင် ဟက်ကာတွေက မကြာခဏ ဟက်ခံနေရတာမို့ မိမိ တို့ရဲ့ Facebook အကောင့်တွေကို လုံခြုံရေးအဆင့်တိုးမြှင့် ထားဖို့ မမေ့ကြပါနဲ့နော် ။

Source - Kyaw Phone Aung  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။