အဆိုတော် အစ္စဏီဟာ မော်ဒယ်စူးရှထက်ကို အလိုမတူဘဲ သားမယားပြုကျင့်မှု နဲ့ အင်းစိန် ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ အမှုဟာ ပရိသတ်တွေရဲ့ လတ်တလော စိတ်အဝင်စားဆုံး သတင်းတစ်ပုဒ်ဘဲ ဖြစ်ပါတယ် ။ ဒီအမှုနဲ့ပတ်သတ်ပြီး အစ္စဏီရဲ့အစ်ကို တစ်ဝမ်းကွဲဖြစ်သူ ကိုကျော်စွာက သူလိမ်နေသမျှတွေ အကုန်လုံး ကျွန်တော်ဖော်ထုတ် မယ် လို့ ပြောခဲ့ပါတယ် ။ ဇူလိုင်လ ၁ရက်နေ့က အစ္စဏီအစ်ကို ကိုကျော်စွာက သူ့ရဲ့လူမှု ကွန်ယက်စာမျက်နှာကနေ တစ်ဆင့် စူးရှထက်အမှုနဲ့ပတ်သတ်တဲ့ အသံဖိုင်ကို ဖော်ထုတ်ခဲ့ပါတယ် ။

၅ လပိုင်း ၃၀ရက်နေ့ပထမဆုံး ဇာခြည်ဌေး တရားရုံးမလာခင် ၁ ရက်အလို (၁ရက်နေ့ ၆လ ရုံးချိန်း ) အစ္စဏီတို့အိမ်မှာ အပြန်လှန်ပြောဆိုခဲ့တဲ့ ဖြစ်ပါတယ် ။ အသံဖိုင်ကတော့ စူးရှထက်ရဲ့မိခင်ဖြစ်သူနဲ့ အစ္စဏီရဲ့မိခင်ဖြစ်သူတို့ရဲ့ အပြန်အလှန်စကားပြောထား တာတွေ ဘဲ ဖြစ်ပါတယ် ။ အခုလို အမှုက ရှည်ပြီး အလုပ်ရှုပ်ရတာက သူမရဲ့သမီးက သူမကို မတိုင်ပင်ဘဲ သူ့သဘောနဲ့သူ အခုလိုတိုင်တန်းခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ စူးရှထက် ရဲ့မိခင်က ပွင့်လင်းစွာပြောခဲ့တာဖြစ်ပါတယ် ။ စူးရှထက်အင်တာဗျူးမှာဖြေခဲ့သလို အမှု့ပိတ်ပေးဖို့ တောင်းဆိုခဲ့တာမျိုးမရှိတဲ့ အပြင်ခြိမ်းခြောက်ခဲ့ဖူးတယ်ဆို တာတွေသိသာ ထင်ရှားနေပါတယ် ။ စူးရှထက်ရှေ့နေဖြစ်တဲ့ ရောဘတ်ဆန်းအောင် ပြောသလို တရားရုံးရှေ့လူတွေခေါ်ထားတယ်ဆိုတဲ့စကားကလည်း မှားယွင်းနေတယ်ဆိုတာတွေကို ဒီအသံဖိုင်က သက်သေပြနေပါတယ် ။

ရှေ့ဆက်ပြီး အမှုရင်ဆိုင်မယ်ဆိုရင်တော့ အစ္စဏီတို့ဘက်က အသာစီးရနေမှာဖြစ်ပြီး စူးရှထက်နဲ့ပတ်သတ်တဲ့ အမှန်တရားတွေက ဆက်တိုက်ပေါ်ထွက်လာမှာဘဲ ဖြစ်ပါတယ် ။ စူးရှထက်အမေကိုယ်တိုင် သူမရဲ့အကျင့်မှန်စရိုက်မှန်တွေကို ပြောပြခဲ့တာဖြစ်ပါတယ် ။ အမှုမှန်အမြန်ဆုံး ပေါ်ပေါက်ဖို့မျှော်လင့်နေတဲ့ ပရိသတ်ကြီးအတွက် စူးရှထက်မိခင် နဲ့ အစ္စဏီမိခင်တို့အပြန်လှန်ပြောဆိုထားတဲ့ အသံဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Kywar Swar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။