ပြိုင်ပွဲဝင် လူထောင်ပေါင်းများစွာကို ဖြတ်ကျော်လို့ Myanmar Idol Season 3 ရဲ့ Top 11 နေရာကို ရောက်လာဖို့ဆိုတာ တကယ်ကို မလွယ်တဲ့ အနေအထားနဲ့ အရည်အချင်းတစ်ခုတော့ လိုအပ်ပါတယ်။ အသံကောင်းတိုင်းလည်း ဒီ Top 11 နေရာကို မရောက်နိုင်သလို ကံ၊ ညဏ် အားပါ အကျိုးပေးမှ နေရာတစ်ခုရနိုင်တာမျိုး ဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ ထုံးစံ အရ Winner ကို တစ်ဦးတည်း ရွေးချယ်မှာမို့ Top 11 ထဲက ပြိုင်ပွဲဝင် (8) ဦးကတော့ ဒီစင်မြင့်ထက်ကနေ နုတ်ဆက်ထါက်ခွာရမှာ ဖြစ်ပါတယ်။Myanmar Idol ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ No-8 ပြည့်ဖြိုး ကတော့ Myanmar Idol ကို လက်ပြနူတ်ဆက်ကာထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ Voting စနစ်ကြောင့် ဒီတပတ် Myanmar Idol ကနေ မောင် ပြည့်ဖြိုး နှုတ်‌ဆက်‌ထွက်‌ခွာခဲ့ရတဲ့ ညဟာ ဒိုင်တွေသာ မက ပရိသတ်တွေကိုပါ စိတ်မကောင်းပဲ ဝမ်းနည်းစေခဲ့ရတဲ့ ညတစ်ညဖြစ်ပါတယ်။

ယခုဆိုရင်လဲ အာ‌ရောဂျံ ‌မောင်‌ပြည်‌ဖြိုး‌လေး သူ့ဇာတိ သက္ကလမြို့သို့ပြန်‌‌ရောက်‌လာရာမှာ မြို့သူမြို့သားများ‌ အားလုံးနီးပါး သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။ နုတ်ဆက်ထွက်ခွာခဲ့ရတဲ့ညက စင်မြင့်ထက်မှာ မျက်ရည်တွေ ဝေခဲ့ရပေမဲ့လည်း မြို့သူမြို့သားပရိသတ်တွေရဲ့ ကြိုဆိုမှုနဲ့ ပြန်လည် အပြုးပန်းတွေ ဆင်နိုင်ခဲ့တယ် လို့ ဆိုရမှာပါ။ မြန်မာတစ်နိုင်ငံလုံး ထုတ်လွင့်ပြသတဲ့ ဒီ Myanmar Idolအစီအစဉ်ကို စောင့်ကြည်သူ ထောင်သောင်းသိန်းမကတာမို့ ဒီ Top 11 စင်မြင့်ထက်ကို ရောက်ရှိလာတဲ့ မောင်ပြည့်ဖြိုးအနေနဲ့ ပရိသတ်တွေ အခိုင်အမာ ရရှိခဲ့ပြီ ဖြစ်သလို ရှေ့ဆက်လျှောက်ရမဲ့ ဂီတလမ်းခရီးဟာလည်း ဖြောင်ဖြူးခဲ့ပြီ လို့ဆိုရမှာပါ။

source: myanmar idol & pyae phyo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။