ကင်းဝန်မင်းကြီး ဦးကောင်းကို ပါတော်မူ ကိစ္စနဲ့ တွဲပြီး သိကြပါတယ်။သူ့ကို ၁၈၂၂ က မွေးခဲ့တာမို့ အသက် ၂ဝဝ ပြည့်ခါနီးပေမယ့် သူ သစ္စာဖောက်သလား မြန်မာပြည်ကို သွေးထွက်သံယိုဘေးက ကယ်ခဲ့တာလား ဆိုတာ ခုထိ ငြင်းနေကြဆဲ ဖြစ်ပါတယ်။ဇွန်လ ၃ဝ မှာ သူဆုံးတာလည်း နှစ် ၁၁ဝ ပြည့်ပါပြီ။ဦးကောင်းဟာ ပါတော်မူ အရေး အပြင် မြန်မာပြည် ပြုပြင်ရေး၊ အနောက်တိုင်းနဲ့ ဆက်ဆံရေးတိုးမြှင့်ရေး၊ သီပေါမင်း နန်းတက်ရေး ကိစ္စတွေမှာ အဓိကရ ပါခဲ့တဲ့အပြင် ကနေ့ထိ တရားရုံးတွေမှာ လက်ကိုင် ပြုနေတဲ့ မြန်မာ ထုံးတမ်း ဓမ္မသတ်တွေကို ပြုစုခဲ့သူ ဖြစ်ပါတယ်။နောက်ပြီး လန်ဒန်သွား နေ့စဉ်မှတ်တမ်းနဲ့ ပြင်သစ်နိုင်ငံသွားမှတ်တမ်း၊ နေမိရကန် စတဲ့ ပျို့ကဗျာ တေးတွေကို စပ်ဆိုခဲ့တဲ့ ပညာရှင်လည်း ဖြစ်ပါတယ်။ဦးကောင်းကို ချင်းတွင်းမြစ် အနောက်ဘက်က ရွာကလေးမှာ မွေးခဲ့ပေမယ့် ပညာအရည်အချင်းကြောင့် နန်းတွင်းမှာ နေရာရလာခဲ့ပါတယ်။ငယ်နာမည် မောင်ချင်းက မောင်ကောင်းလို့ ပေးခဲ့သူက သူ့သခင် မင်းတုန်းမင်းကြီး ဖြစ်ပါတယ်။မင်းတုန်းမင်း ကိုယ်တိုင် ပုဂံမင်း မိဘုရားဟောင်း တပါးနဲ့ ဦးကောင်းကို နေရာချပေးခဲ့ပါတယ်။ကနောင် မင်းသားကြီး၊ ဦးဘိုးလှိုင် စတဲ့ ပြုပြင်ရေး လိုလားတဲ့ အုပ်စုနဲ့ အဖွဲ့ကျ ခဲ့ပါတယ်။မင်းသားကြီး လုပ်ကြံခံရပြီးနောက် နန်းတွင်း ပုန်ကန်မှုတွေ နှိမ်နင်းရာကနေ ဦးကောင်း နာမည်ရလာပါတယ်။ကင်းနဲ့ အကောက်စခန်းတွေကို စစ်ရတဲ့ ကင်းဝန်ရာထူးလည်း ရလာပါတယ်။
၁၈၇၁ မှာ အင်္ဂလန်၊ ပြင်သစ် စတဲ့ အနောက်နိုင်ငံတွေနဲ့ သံတမန် ရေး ဆွေးနွေးဖို့ စေလွှတ်ခံရပြီးနောက် ဝန်ကြီး ဖြစ်လာပါတယ်။ဥရောပရောက်ပြီးနောက် မြန်မာပြည် ခေတ်နောက်ကျ ကျန်နေတာကို တွေ့လာတဲ့ အတွက် ပြုပြင်ဖို့ သူကြိုးစားခဲ့ပါတယ်။သိုင်းကရုလိုက်ရပါသည်၊ ဘောသို့သွားသည်၊ ရီစက်ဘရှန်း၊ အမ်ဘက်ဇဒါ စတဲ့ သိုးဆောင်း စကားလုံးတွေ မြန်မာစာမှာ ပြောစမှတ် ကျနဥရောပ မှာ ပညာရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး ဆိုင်ရာ ဌာနတွေကို သူသွားလေ့လာခဲ့တာတွေကိုလည်း နေ့စဉ်မှတ်တမ်းတွေမှာ ဖတ်နိုင်ပါတယ်။ဒီမှတ်တမ်းတွေဟာ နေပြည်တော်က ဘုရင်နဲ့ မှူးမတ်တွေ ဖတ်ဖို့ ဖြစ်သလို အရေးအသားနဲ့ အကြောင်းအရာ စိတ်ဝင်စားစရာ ကောင်းမှုကြောင့် ပြည်သူတွေကြားထိ နာမည်ကြီးခဲ့ပါတယ်။အထူးသဖြင့် ဒီမှတ်တမ်းမှာပါတဲ့ သိုင်းကရုလိုက်ရပါသည်၊ ဘောသို့သွားသည်၊ ရီစက်ဘရှန်း၊ အမ်ဘက်ဇဒါ စတဲ့ သိုးဆောင်း စကားလုံးတွေကလည်း မြန်မာစာမှာ ပြောစမှတ် ကျန်ခဲ့ပါတယ်။မင်းတုန်းမင်း နောက်ပိုင်းနှစ်တွေမှာ သေနတ်ဝန် လယ်ကိုင်းမြို့စား အဖြစ်လည်း နန်းတွင်းမှာ သြဇာညောင်းခဲ့ပါတယ်။
ကင်းဝန်မင်းကြီးကတော့ တက်လာတဲ့ အုပ်ချုပ်သူတွေနဲ့ ဆက်လက်ပူးပေါင်းပြီး ပုန်ကန်သူတွေ လက်နက်စွန့်အောင် ကမ်းလှမ်းတာတွေ လုပ်ပေးခဲ့ပါတယ်။ဒီကူညီမှုတွေကြောင့် ဝိတိုရိယ ဘုရင်မ နန်းသက် ရွှေရတုမှာ အိန္ဒိယ တာရာဘွဲ့ ချီးမြှင့် ခံရသလို ၁၈၉၇ မှာ မြန်မာနိုင်ငံ လက်ထောက် ဘုရင်ခံရဲ့ အတိုင်ပင်ခံ အဖွဲ့ ဖွဲ့ရာမှာလည်း သူ့ကို မင်းတိုင်ပင် အမတ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။၁၈၇၁ မှာ အင်္ဂလန်၊ ပြင်သစ် စတဲ့ အနောက်နိုင်ငံတွေနဲ့ သံတမန် ရေး ဆွေးနွေးဖို့ စေလွှတ်ခံရပြီးနောက် ဝန်ကြီး ဖြစ်လာပါတယ်။ဥရောပရောက်ပြီးနောက် မြန်မာပြည် ခေတ်နောက်ကျ ကျန်နေတာကို တွေ့လာတဲ့ အတွက် ပြုပြင်ဖို့ သူကြိုးစားခဲ့ပါတယ်။ဥရောပ မှာ ပညာရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး ဆိုင်ရာ ဌာနတွေကို သူသွားလေ့လာခဲ့တာတွေကိုလည်း နေ့စဉ်မှတ်တမ်းတွေမှာ ဖတ်နိုင်ပါတယ်။ခေတ်ဟောင်းက မန္တလေး နန်းတော်ဒီကာလမှာ သူ့ရဲ့ အထင်ရှားဆုံး ဆောင်ရွက်မှုကတော့ ဗုဒ္ဓဘာသာ မြန်မာထုံးတမ်း ဥပဒေတွေကို စုစည်းပြီး ဓမ္မသတ် ပေါင်းချုပ်ကြီး တည်းဖြတ်ပေးခဲ့တာပါ။ဗုဒ္ဓဘာသာ မြန်မာထုံးတမ်း ဥပဒေတွေကို စုစည်းပြီး ဓမ္မသတ် ပေါင်းချုပ်ကြီး တည်းဖြတ်ဒီဓမ္မသတ်တွေကို ခုထိ မြန်မာ တရားရုံးတွေမှာ အသုံးပြုနေရဆဲ ဖြစ်ပါတယ်။ကင်းဝန်မင်းကြီး ပြုစုတဲ့ စာပေ လက်ရာထဲမှာ နေမိရကန်ဟာလည်း ထင်ရှားပါတယ်။ကင်းဝန်မင်းကြီးနဲ့ ပါတော်မူ အရေးဟာ မြန်မာနိုင်ငံရေးမှာ သဘောထား အတင်းအပျော့ ပဋိပက္ခရဲ့ ရှေ့ပြေး နမူနာ အဖြစ်လည်း ပြသနိုင်ပါတယ်။အီဂျစ်၊ အာဖဂန်၊ လာအို၊ ကမ္ဘောဒီးယား စတဲ့ ဘုရင် နိုင်ငံတွေ ဥရောပ ကိုလိုနီ အောက် တနန်းပြီး တနန်း ကျဆုံးနေချိန်မှာ မြန်မာကလည်း ကမ္ဘာ့ရေစီးအတိုင်း ပါတော်မူတဲ့ ဇာတ်မှာ ကင်းဝန်မင်းကြီး အရှုံးဘက်က ဇာတ်ဖြည့်ခဲ့ရတယ်လို့ပဲ ပြောနိုင်ပါတယ်။အိမ်နီးချင်း ယိုးဒယားနဲ့ တရုတ်မှာလည်း နန်းမစွန့်ရဖို့ စာချုပ်အမျိုးမျိုးနဲ့ အညံ့ခံနေရချိန် ဖြစ်သလို နယ်မြေတွေ ခွဲဝေခံနေရတဲ့ အချိန် ဖြစ်ပါတယ်။အင်္ဂလိပ်နဲ့ ပြေလည်အောင် ကြိုးစားရင်း အင်္ဂလိပ်လူ ဖြစ်သွားတယ်လို့လည်း ဆိုကြပါတယ်။သူ့တပည့် ဦးမြဲကိုတော့ ပြင်သစ်နဲ့ လျှို့ဝှက် စာချုပ်ကို ဗြိတိသျှလက် ပေးတဲ့သူလို့ စုဘုရားလတ်က စွပ်စွဲခဲ့ပါတယ်။နိုင်ငံရေး မညီညွတ် ကွဲပြဲမှုကြောင့် ပါတော်မူသလား၊ ကွဲပြဲမှုကို ပြင်ပ အင်အားစုတွေကပဲ မီးထိုးခဲ့သလားဆိုတာ ယနေ့အထိ အဖြေမရှင်းနိုင်တဲ့ စာတပုဒ် ဖြစ်နေသေးပါကြောင်း။
Source - မြန်မာ့စွယ်စုံကျမ်း
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။