လတ်တလောမှာ လူပြောများနေတဲ့ ရုပ်ရှင်မင်းသားချောလေး ကျော်ကျော်ဗို တစ်ယောက် အရမ်းကိုကြည့်ကောင်းလာသလို ဆယ်နှစ်လောက် နုပျိုသွားပါတယ်။ ပိုနုပျိုသွားတယ်ဆိုတဲ့ နောက်မှာ ပရိသတ်တွေ အရမ်းစိတ်ဝင်စားနေပြီး အထူးတလည် လျို့ဝှက်ချက်အနေနဲ့ လုံးဝမရှိခဲ့ဘူးလို့ ဆိုလိုက်ပါတယ်။

အရင်က နှစ်တွေအကြာကြီး ဆေးလိပ်တွေ အရမ်းသောက်ဖြစ်တာကို ဆေးလိပ်ဖြတ်လိုက်ရုံ နဲ့ အရေပြား တွေအရမ်းကြည်လာတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။အရင်တုန်းကတော့ skincare တွေ သိပ်မလုပ်ဖြစ်သလို ကျော်ကျော်ဗိုက တစ်ယောက် ပေတေတေ နေတာများတာကြောင့် ခုလိုအချိန်မှာ ဆေးလိပ်ဖြတ်တယ်၊ skincare တွေ ဂရုတစိုက်လုပ်ဖြစ်တယ် လို့ ဆိုလိုက်ပါတယ်။ အထူးတလည် ခွဲစိတ်မှု ခံယူတာ၊ ဆေးထိုးတာမျိုး လုံး၀ မလုပ်ခဲ့သလို ခွဲစိတ်ပြုပြင်မျုတစ်ခုအနေနဲ့ ပြဇာတ်ကရင်း ကျိုးသွားတဲ့ နှာခေါင်းရိုးကို ပြန်တည့်ထားရုံပါပဲ လို ဖွင့်ဟလိုက်ပါတယ်။

ပရိသတ်တွေကတော့ အရမ်းကြည့်ကောင်းသွားတယ် လို့ ဆိုနေသလို ကျော်ကျော်ဗိုကတော့ မှန်လည်း သိပ် ကြည့်လေကြည့်ထ မရှိတာကြောင့် ပြောင်းလဲသွားတယ်လို့ မထင်ပါဘူးလို့ ဆိုလိုက်ပါတယ်။ ကိုယ်တိုင်ကတော့ ပြောင်းလဲသွားတယ် မထင်မိပါပေမဲ့လည်း ပရိသတ်တွေက တော့ သတိထားမိနေခဲ့ပါတယ်။ ဆေးလိပ်ဖြတ်ပြီးနောက် အသားအရေက သိသိသာသာ လတ်ဆတ်လာပြီး ကြည့်ကောင်းလာတာကြောင့် ကျော်ကျော်ဗို ကို အရမ်း အားကျနေကြပါတယ်။

ပရိသတ် တချို့ကလည်း ဆေးတွေသောက်လို့လား၊ V-shape ထိုးလို့ လား လို့ ဝေဖန်နေကြပြီး ဝေဖန်မျုတွေအပေါ် ကျော်ကျော်ဗိုကတော့ ကိုယ်စိတ်ကြိုက်လွတ်လွတ်လပ်လပ် တွေးခွင့် ရှိသလို ကြိုက်သလို ထင်နိုင်ပါတယ် လို့ ဆိုလိုက်ပါတယ်။ ခေတ်အနေအထားကလည်းလွယ်ကူတာကြောင့်ပြုပြင်ချင်တယ်ဆို ပြုပြင်နိုင်သလို ကျော်ကျော်ဗိုအနေနဲ့ လက်ရှိမှာ ပြုပြင်တာမျိုးတွေ လုပ်ဖို့ မရှိသေးပေမဲ့လည်း နောက်အသက်တွေကြီးလာရင် လုပ်ချင်လုပ်မိမှာလိုက ဆိုလိုက်ပါတယ်။

source: Kyaw Kyaw Bo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။