MRTV - 4 ရုပ်သံဇာတ်လမ်းတွဲလေးတစ်ခုဖြစ်တဲ့ ပန်းနုသွေး ရုပ်သံဇာတ်လမ်း တွဲလေးနဲ့ ပရိသတ်တွေသတိထားမိလာခဲ့တဲ့ သရုပ်ဆောင် မေမြင့်မိုရ်ကတော့ လက်ရှိမှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိနေပြီပဲ ဖြစ်ပါတယ်။သူမကတော့ ဇာတ်လမ်းတွဲလေးတွေမှာ စတင်တဲ့ သရုပ်ဆောင်တဲ့ မင်းသမီးတစ်လက်ဖြစ်ပေမယ့်လည်း သူမရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် အချိန်တိုအတွင်းမှာတင် ပရိသတ်တွေ တွေအား ပေးလက်ခံလာကြတာပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း အရိပ်ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်တွေ နှလုံးသားတွေကို ထပ်မံသိမ်းပိုက်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
မေမြင့်မိုရ်ကတော့ သူမသရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်တိုင်းကို သေချာလေးစိတ်နစ်ကာ အမြဲတမ်းကြိုးစားသရုပ်ဆောင်လေ့ရှိပြီး သူမရဲ့ အနုပညာအရည်အသွေးတွေကလည်း တစ်ကားထက်တစ်ကားပိုမိုကောင်းလာတာကိုမြင်တွေ့ရပါတယ်။သရုပ်ဆောင်ကောင်းသလို ခင်မင်ဖော်ရွေတဲ့ သူမရဲ့ အဆင့်အတန်းမခွဲခြားတက်တဲ့ စိတ်လေးကလည်း ပရိသတ်တွေကို ပိုလို့အချစ်တိုးစေခဲ့တာပဲ ဖြစ်ပါတယ်။သူမကတော့ လက်ရှိမှာ အနုပညာလမ်းကြောင်း ဘက်ကိုပဲ ခြေဦးလှည့်ထားပြီး နှလုံးသားရေး ကိစ္စတွေဘက်ခြေဦးမလှည့်ပဲ ပရိသတ်တွေရဲ့ အချစ်တွေနဲ့သာပျော်ရွှင် ကျေနပ်နေသူ လေးလည်း ဖြစ်ပါတယ်။
သို့ပေမယ့်လည်း သူမရဲ့လူမှုကွန်ယက်မှာတော့ အချစ်နဲ့ ပတ်သတ်တဲ့ ကဗျာစာသားလေးတွေရေးလေ့ရှိတာကိုမြင်တွေ့ရပါတယ်။ဒီနေ့မှာလည်း ချစ်တက်တဲ့နှလုံးသားတွေရှိပေမယ့်လည်း ပျောက်ချက်သားကောင်းနေတဲ့ အချစ်ဆိုတဲ့ အရာလေးကို တမ်းတရင်းမျက်ဝန်းကတစ့်ဆင့် ပြောကြားလာတဲ့ စကားလေးတွေနဲ့ စာသားလေးတစ်ခုကို " နှလုံးသားတွေရှိလဲ အချစ်ကဘယ်မလဲ မျက်ဝန်းတွေထဲစကားသံ ဘယ်သူကြားနိုင်မလဲ ဒီမျက်ဝန်းတွေ ဘာပြောနေလဲသိလား" ဆိုပြီးရေသားလိုက်တာပဲ ဖြစ်ပါတယ်။စူးရှတောက်ပတဲ့ မျက်ဝန်းတစ်စုံနဲ့ ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်နော်။
သတင်းအရင်းအမြစ် - မေမြင့်မိုရ်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။