ရည်းစားမရှိသေးတဲ့ Single လေးတွေ မှာ တစ်ယောက်ယောက်ကို တစ်ဖတ်သတ် ကြိတ် Crush နေရတဲ့အဖြစ်လေးတွေတော့ရှိကြမှာပါ ။ ကိုယ်စိတ်ဝင်စားနေတဲ့ သူဆီက စိတ်ဝင်စားမှုကို ပြန်လည်ရရယူဖို့ အထာကျကျ ဘယ်လိုကျူရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ် ။ အခုဘဲ စပြီး လှုပ်ရှားလိုက်တော့နော် ။
 
                        
                    (၁) သူ့အကြိုက်တွေကိုလေ့လာမယ်
သင် Crush နေတဲ့သူရဲ့ Wall ထဲကိုဝင်လေ့လာပါ ။ သူဘယ်လို Music အမျိုးစားတွေ အများဆုံး Share တတ်သလဲ ။ သူဘယ်အနုပညာရှင်တွေကို Crazy ဖြစ်သလဲ ။ သူဘယ်လိုအဝတ်စားမျိုးတွေဝတ်ပြီး ဘယ်လိုနေရာတွေကို အများဆုံးသွားတတ်လဲ စသဖြင့်ပေါ့ ။ သူ့အချစ်ဆုံးသူငယ်ချင်းက ဘယ်သူလဲဆိုတာလည်းသိထားဖို့လိုမယ်နော် ။ အထူးသဖြင့် သူက အားကစားဝါသနာပါသူဆိုရင် သူ့အားကစားနဲ့ပတ်သတ်တဲ့ မေးခွန်း တွေကို အပြန်လှန်မေးပြီး စိတ်ဝင်စားမှုရယူလိုက်ပါနော် ။ သူပြောသမျှအကြောင်းရာတိုင်း ကို စိတ်ဝင်စားသည်ဖြစ်စေ စိတ်မဝင်စားဘူးဖြစ်စေ ဂရုတစိုက်နားထောင်ပေးလိုက်ပါ ။
 
                        
                    (၂) တော်ကီတွေထုတ်သုံးပါ
သင်ကတော်ကီ ကြွယ်သူဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ်ဘူးဆိုရင်တော့ တော်ကီကြွယ်တဲ့ သူငယ်ချင်းတွေကို အပူကပ်ပြီး ပညာယူလိုက်ပါ ။ တော်ရုံဘယ်သူမှ မပြောဖူးလောက်တဲ့ တော်ကီတွေနဲ့ ဆွဲဆောင်ပါ ။ သူက " ဟာ လာကြွယ်နေတယ် " လို့ ပြောလာရင်တော့ ဒီလိုစကားတွေ ဒါပထမဆုံးပြောဖူးတာပါဆိုပြီး ချုပ်လိုက်တော့နော် ။
 
                        
                    (၃) ခေါင်းထဲကို အတွေးတွေရိုက်ထည့်ပေးမယ်
ဥပမာ ကိုယ်ရှာဖတ်ဖူးတဲ့ ထူးဆန်းတဲ့ ပုံပြင်မျိုးတွေ ဆန်းဆန်းပြားပြား ပဟေဠိလေးတွေကို စကားစပ်မိတိုင်းပြောပေးပါ ။ ဒီအချက်က သူ့အတွေးထဲမှာ သင်ပြောတဲ့အကြောင်း ရာတွေနဲ့ အတူ သင်ပါရောက်ရှိနေစေမယ့် အချက်ပါဘဲ ။ သူ့အတွေးထဲမှာ သင်ရောက်နေပြီဆို တာနဲ့ သင့်ကျူတာ အောင်မြင်တယ်လို့ဆိုလို့ရပါတယ် ။
 
                        
                    (၄) ငေးကြည့်မယ်
သူနဲ့အတူတူ ရှိနေတဲ့ အချိန် သူနဲ့ အတူ ဆိုင်ထိုင်တဲ့အချိန်တွေမှာ မကြာခဏငေး ကြည့်ပေးပါ ။ သူဘက်က သင်ငေးကြည့်နေတာကို သတိထားမိသွားပြီဆိုတာနဲ့ ရှက်ကိုး ရှက်ကမ်းနဲ့ ရှက်ပြုံးလေးသာ ပြုံးပြလိုက်ပါ ။ ဒီအချက်က ဘာလို့မကြာခဏ အကြည့်ချင်း ဆုံနေရတာလဲလို့ Crush ရဲ့အတွေးထဲမှာ ရင်ဖိုသွားစေမယ့် အပြုမူပါဘဲနော် ။
 
                        
                    (၅) သူလိုအပ်နေတာလေးတွေကို လက်ဆောင်ပေးမယ်
Crush ရဲ့ Fbမှာ သူမကြာခဏ Share လေ့ရှိတဲ့ အသုံးဆောင်ပစ္စည်းလေးတွေကို မှတ်ထားပါ ။ တကယ်လို့ အခါခွင့်သင့်ရင် သူကြိုက်တတ်တာလေးတွေဝယ်ပြီး ပေးလိုက်ပါ ။ သူကတော့ သူကြိုက်တဲ့ပစ္စည်းလေးတွေ လက်ဆောင်ရလို့ ရင်ခုန်စိတ်လှုပ်ရှားပြီး ပျော်နေမှာအသေချာပါဘဲ ။
 
                        
                    Crush ကို ဘယ်လိုစကျူရမလဲ မသိဘဲ တစ်ဖက်သတ် စိတ်ဝင်စားနေရာကနေ ရှေ့ဆက် မတတ်နိုင်တော့တဲ့ သူတွေအတွက် နည်းလမ်းကောင်းလေးတွေက အသုံးဝင်မယ်လို့ ထင်ပါ တယ် ။ ပရိသတ်ကြီးလည်း တစ်ဖက်သတ်ချစ်နေတဲ့ သူတွေရှိရင် အခုဘဲ လှုပ်ရှားလို က်တော့နော် ။
Phyo
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
    Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
    
 
               
               
               
					 
					 
              