Great Wall of China

တရုတ်ပြည်မှ မဟာရံတံတိုင်းကြီးဟာ အရှေ့ဖက် ဆန်းဟိုင်ကွမ်း ကနေ အနောက်ဖက် လော့ပ်နော် အထိ မိုင်ပေါင်း ၄၀၀၀ (ကီလိုမီတာ ၆၄၀၀) ခန့် ရှည်လျားပါတယ် ။ မွန်ဂိုး လီးယားအတွင်းပိုင်းရဲ့ တောင်ဖက်နယ်စပ်တလျှောက်ကို လခြမ်းပုံသဏ္ဌန်ရစ် ပတ် ထားပြီး စုစုပေါင်း မိုင်ပေါင်း ၄၁၆၀ (၆၇၀၀ကီလိုမီတာ) အထိရှည်လျားပါတယ် ။ အထွဋ်အထိပ် သို့ရောက်ရှိနေတဲ့ အချိန်ကာလအတွင်းမှာ မင်တံတိုင်းကို လူပေါင်း တစ်သန်းကျော်က စောင့်ကြပ်ခဲ့ကြပါတယ် ။ တရုတ်လူမျိုးပေါင်း ၂သန်းမှ ၃သန်းအထိ ရာစုနှစ်နှင့် ချီတဲ့ လူတွေ တံတိုင်းတည်ဆောက်မှု စီမံကိန်းလုပ်ငန်းအတွင်း သေဆုံးခဲ့တယ်လို့ လည်း သိရပါတယ် ။

Taj Mahal

တာ့ဂျ်မဟာရ် ဟာ ကြီးကျယ်ခမ်းနားသော ဂူသင်္ချိုင်းကြီးဖြစ်ပြီး မဂိုဘုရင် ရှားဂျာဟန် က သူရဲ့ကွယ်လွန်သွားတဲ့ အချစ်မြတ်နိုးဆုံးဇနီး မွန်တာဇ်မဟာရာ(ဂျ်) (Mumtaz Mahal) အတွက်ရည်စူး၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ် ။တာ့ဂျ်မဟာကို မဂိုဗိသုကာပညာရဲ့ အကောင်းဆုံး ဥပမာတစ်ခုအဖြစ် ပြောနိုင်ပြီး အချို့က ကမ္ဘာ‌ပေါ်တွင် အလှဆုံး‌သော အ‌ဆောက်အအုံကြီးလို့လည်းဆိုကြပါတယ် ။ ၁၉၈၃ ခုနှစ်တွင် တာ့ဂျ်မဟာဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာများစာရင်းမှာ ပါဝင်လာခဲ့ပြီး "မူစလင်အနုပညာရဲ့ ရတနာ နဲ့ အားလုံးက အံ့ဩလေးစားရလောက်တဲ့ အလွန်ပြောင်မြောက်တဲ့ ကမ္ဘာ၏အမွေခံအဆောက်အဦး" ဟု ဖော်ပြထားခဲ့ပါတယ် ။

Machu Picchu

မာချူးပီချူး ကို ၁၄၅၀ ခုနှစ်ခန့်တွင် အင်ကာတို့ တည်ထောင်ခဲ့တာဖြစ်ပြီး စပိန်လူမျိုးတို့ အင်ကာအင်ပါယာကို သိမ်းပိုက်အောင်မြင်ပြီးနောက်ပိုင်းမှာ စွန့်ပစ်ခြင်းခံခဲ့ရသည်။ စပိန်ကိုလိုနီခေတ်နှင့် နောက်ပိုင်းမှာ တိမ်မြုပ်နေခဲ့ရာကနေ ၁၉၁၁ ခုနှစ်တွင် အမေရိကန် သမိုင်းပညာရှင် ဟီရမ်ဘင်ဂမ်ကြောင့် မာချူးပီချူးကို နိုင်ငံတကာမှ သိရှိလာခဲ့တယ် ။ အဲ့အချိန်ကစပြီး မာချူးပီချူးဟာ တောင်အမေရိက ခရီးသွားဧည့်သည်များကို အကြီးမားဆုံး ဆွဲဆောင်ရာနေရာတစ်ခု ဖြစ်လာခဲ့တယ် ။ ၁၉၈၁ ခုနှစ်တွင် မာချူးပီချူးကို ပီရူးသမိုင်းဝင် ဘေးမဲ့တောအဖြစ် ကြေငြာခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် သတ်မှတ်ခဲ့ပါတယ် ။ ၂၀၀၇ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းက အင်တာနက် မဲပေးမှုအရ မာချူးပီချူးကို ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါးအဖြစ် ရွေးချယ်ခဲ့ပါတယ် ။

Christ the Redeemer

ဘရာဇီးနိုင်ငံ ရီယိုဒီဂျေနယေးမြို့ မှာ တည်ရှိတဲ့ ခရစ်တော်ရုပ်တုကြီးဖြစ်ပါတယ်။ အမြင့် ၃၈ မီတာ မြင့်ပြီး ကျောက်သားဖြင့် ထွင်းထုထားခြင်းဖြစ်ပါတယ် ။ ၁၉၂၂ ခုနှစ် နှင့် ၁၉၃၁ ခုနှစ်အတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ် ။

The Colosseum

အေဒီ ၇၀ - ၈၀ အတွင်းတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ် ။ အီတလီနိုင်ငံမှာ တည်ရှိပြီး သမိုင်းမှာ ထင်ရှားတဲ့ ရောမအင်ပါယာရဲ့ ရှေးခေတ်လက်ရာအဆောက်အအုံတစ်ခုလည်း ဖြစ်ပါတယ် ။

Petra

Petra အဆောက်အဦးဟာ ဂျော်ဒန်မှာ တည်ရှိပြီး ဘီစီ ၅ ရာစုခန့်တွင် တည်ဆောက် ခဲ့တယ်လို့ ခန့်မှန်းကြပါတယ် ။ ကျောက်သားကို ထွင်းထုပြီးတည်ဆောက်ထားခြင်း ဖြစ်တဲ့ အတွက် ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားပြီး လာရောက်လေ့လာကြတဲ့ နေရာ တစ်ခု ဖြစ်ပါတယ် ။

Great Pyramid of Giza

ဂိုင်ဇာမဟာပိရမစ်ကြီး (Great Pyramid of Giza) ကို ကူဖူးပိရမစ် (Khufu's Pyramid or the Pyramid of Khufu) သို့ ချီရော့ပ်ပိရမစ် (Pyramid of Cheops) ဟုလည်းခေါ်ဆိုကြပြီး ဂိုင်ဇာဂူသင်္ချိုင်း (Giza Necropolis) ပိရမစ်များထဲမှ ရှေးအကျဆုံးနှင့် အကြီးဆုံး ပိရမစ် ဖြစ်ပါတယ် ။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အစပ်တွင်တည်ရှိပြီး ရှေးခေတ်ကမ္ဘာ့အံဖွယ်ခုနစ်ပါး ထဲက တစ်ခုတည်း ကြွင်းကျန်ရစ်သော အဆောက်အဦးဖြစ်ပါတယ် ။

Source  : wikipedia.org

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။