ယနေ့ ဇွန်လ(၂၅)ရက်နေ့လေးကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်ထိပ်တန်းအနုပညာရှင် အဆိုတော်သရုပ်ဆောင် မင်းသားချော ရီန်းရဲ့ အသက်(၃၅)နှစ်ပြည့် မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်..။

အဆိုတော်ရိန်းကတော့ ဂီတအနုပညာမှာ ထူးချွန်အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့အပြင် သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ နာမည်ကျော် အနုပညာရှင်တစ်ဦးပါပဲ..။

အရပ်ရှည်ပြီး စမတ်ကျတဲ့အပြင် ချောမောပြီးဆွဲဆောင်မှုရှိတဲ့ ဥပဓိရုပ်ရည်နဲ့ ယောင်္ကျားပီသတဲ့ စိတ်ဓာတ်တွေကို ပိုင်ဆိုင်ထားတာမို့ မိန်းကလေးပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိပိုင်ဆိုင်ထားသလို ယောင်္ကျားလေးပရိသတ်တွေရဲ့အားကျချစ်ခင်မှုတွေကိုပါ သိမ်းပိုက်ထားသူလည်း ဖြစ်ပါတယ်..။

အဆိုတော်မင်းသား ရိန်းကို (၁၉၈၂)ခုနှစ် ဇွန်လ(၂၅)ရက်နေ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မွေးဖွားခဲ့ကာ နာမည်ရင်းကတော့ ဂျန်ဂျင်ဟွန်း ဖြစ်ပြီး Kyung Hee University ကျောင်းမှ ပို့စ်မော်ဒန်မြူးဇစ် ဘာသာနဲ့ ဘွဲ့ရခဲ့တာ ဖြစ်ပါတယ်..။

အနုပညာလောကထဲကို စတင်ဝင်ခဲ့တဲ့ နာမည်ကတော့ ကိုရိးယားလို မိုးလို့ အဓိပ္ပာယ်ရတဲ့ “Bi” ဖြစ်ပြီး နောက်ပိုင်းမှာတော့ “Rain” ဆိုပြီး နာမည်ပြောင်းခဲ့တာ ဖြစ်ပါတယ်..။

သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် Music Album ကိုတော့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ JYP Entertainment နဲ့ လက်တွဲပြီး (၂၀၀၂)ခုနှစ်က “Bad Guy” ဆိုတဲ့ သီချင်းခွေကို ဖြန့်ချီခဲ့ပြီးနောက်ပိုင်း ပရိသတ်တွေရဲ့အားပေးမှုတွေ စတင်ရရှိလာခဲ့ပြီး ဆုပေးပွဲများမှာ တတ်သစ်စအဆိုရှင်ဆုတွေကို များစွာရရှိပိုင်ဆိုင်ခဲ့ပါတယ်..။

ရိန်းရဲ့ ပထမဆုံး ဇာတ်လမ်းတွဲကတော့ KBS ရုပ်သံကုမ္ပဏီက စီစဉ်ရိုက်ကူးတဲ့ “Let’s Go To School” ဆိုတဲ့ ဇာတ်ကားဖြစ်ပြီး အကောင်းဆုံးတတ်သစ်စမင်းသားဆုနဲ့ အလိုက်ဖက်ဆုံးစုံတွဲဆုကို ရရှိခဲ့ပါသေးတယ်..။

ရိန်းကို အောင်မြင်သထက်အောင်မြင်ပြီး ပြည်ပနိုင်ငံတွေမှာပါ အောင်မြင်မှုရရှိစေခဲ့တာကတော့ (၂၀၀၄)ခုနှစ် လေကနေ စက်တင်ဘာလအထိ ရိုက်ကူးခဲ့တဲ့ “Full House” ဆိုတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး တွဲဖက်မင်းသမီးကတော့ ပြည်သူချစ်နာမည်ကျာ်မင်းသမီး ဆောင်းဟေဂိုပဲ ဖြစ်တဲ့အပြင် အဲ့ဒီနောက်ပိုင်း ဂီတပိုင်းနဲ့ ဇာတ်ကားတွေနဲ့သရုပ်ဆောင်ပိုင်းတွေမှာပါ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်လာပြီး နယ်လှည့်ဖျော်ဖြေပွဲတွေနဲ့အတူ သူ့ရဲ့အောင်မြင်မှုတွေဟာ အာရှိအထိပါ လွှမ်းမိုးသွားခဲ့ပါတယ်..။

(၂၀၁၃)ခုနှစ် ဇန်နဝါရီလမှာတော့ ဇနီးဖြစ်သူ မင်းသမီးချော Kim Tae-hee နဲ့ ချစ်သူတွေဖြစ်ကြောင်း ပရိသတ်တွေကို တရားဝင်ထုတ်ပြန်အသိပေးကြေညာခဲ့ပြီး တစ်ကမ္ဘာလုံးက အားကျချစ်ခင်ရတဲ့ ငါးနှစ်လက်တွဲလာတဲ့ သူတို့စုံတွဲလေးကတော့ (၂၀၁၇)ခုနှစ် ဇန်နဝါရီလမှာပဲ လက်ထပ်ခဲ့ကြကာ (၂၀၁၇) အောက်တိုဘာ(၂၅)ရက်နေ့မှာပဲ ရိန်းနဲ့ ကင်တေဟီးတို့ရဲ့ သမီးဦးလေးကို မွေးဖွားခဲ့ကြတာ ဖြစ်ပါတယ်..။

Photo - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။