လတ်တလော အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ ရွှေမှုန်ရတီဟာ အနုပညာကြေးအမြင့်ဆုံးမင်းသမီးတွေထဲက တစ်ဦးဖြစ်ပါတယ်။ "အနုပညာပျိုးခင်း " က မြောက်တောင်မြောက်ပေးမှုကနေ အောင်မြင်ကျော်ကြားလာတဲ့ ရွှေမှုန်ရတီဟာဆိုရင် ပင်ကိုကလည်း သရုပ်ဆောင်ပိုင်းအရည်အချင်းရှိသူ တစ်ယောက်ဖြစ်တာမို့ အချိန်တိုလေးအတွင်း အောင်မြင်လာတာဖြစ်ပါတယ်။

ဒီနှစ်တွေရဲ့ ရုပ်ရှင်ဇာတ်ကား တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ထားပြီး အကယ်ဒမီရဖို့ အခွင့်အရေးလည်း အရမ်းကိုများနေပါတယ်။ လတ်တလော အနုပညာ လှုပ်ရှားမှုအနေနဲ့ Beauty Blogger နေခြည်ဦး ၊ အဆိုတော် မင်းသား ရွှေထူး ၊ မင်းသားချော ဖြိုးငွေစိုး တို့နဲ့အတူ ပါဝင်လို့ "ရင်ခွင်တံခါးကို ဝင်ချည်ထွက်ချည် လုပ်ခဲ့တဲ့ ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ကို ထိပ်တန်းမင်းသား၊မင်းသမီး တွေချည်းပါဝင် သရုပ်ဆောင်ထားတာကြောင့် ပရိတိသတ် အားလုံးက စောင့်မျှော်နေကြပါတယ်။

အချေမင်းသမီးလေး ရွှေမှုန်ရတီ ကတော့ အနုပညာလောကမှာ အသက်အငယ်ဆုံးနဲ့ အောင်မြင်တဲ့ မင်းသမီးတစ်လက်လို့ ဆိုရမှာပါ။ သူမ အနေနဲ့ သူမ အမေနဲ့ ညီမလေးအတွက် Super Hero တစ်ယောက်လို မားမားမတ်မတ် ရှေ့ကကြိုးစားပြနိုင်တဲ့သမီးကောင်းလေးလည်းဖြစ်ပါတယ်။  

အောင်မြင်ပြီးဆိုကတည်းက ဝေဖန်မှုတွေ ဆက်တိုက် ခံရပေမဲ့လည်း သူမအနေနဲ့ အသက်ငယ်သော်လည်း မယိုင်နဲ့တတ်တဲ့ စိတ်တစ်ခုနဲ့ အမြဲ  တည်ငြိမ်အေးဆေးစွာ ဖြေရှင်းတတ်သူလေးပါ။ ရင့်ကျက်မှု တွေနဲ့ သူမ အရမ်းကို ပြောင်းလဲလာပြီူ ဒီနှစ်တွေမှာ သူမ သိပ်ကို လှပလာပါတယ်။ ခုတော့ သူမက ကြွေသွားရင် တာဝန်မယူလို့ ဆိုပြီး ချေလိုက်ပြန်ပါပြီ။အနက်ရောင် ဆံနွယ်ရှည်ကြီးတွေကို အလယ်ခွဲ ခွဲလို့Nude Color နုတ်ခမ်းနီရောင်လေးနဲ့ သိပ်ကို လှပနေပါတယ်။ သူမရဲ့ postလေးတွေမှာ feeling  အမြဲ   Confidentလို့ ရေးလေ့ရှိပြီး သူမ ဟာ အမြဲတမ်း ယုံကြည်မှု ရှိရှိ နဲ့ လှပနေတာကို တွေ့ရမှာပါ။ 

source: shwe mhone yati ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။