လတ်တလောပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ရိုက်ကူးနေဆဲ ဖြစ်တဲ့ " နှလုံးသားတံခါးကို ဝင်ချည်ထွက်ချည်လုပ်ခဲ့တဲ့ ဧည့်သည် "ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ရွှေထူး၊ ရွှေမှုန်ရတီ၊ နေခြည်ဦး နဲ့ ဖြိုးငွေစိုး တို့က အဓိက ဇာတ်ကောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ 7 SENSE Flin Production ကနေ ရိုက်ကူးထုတ်လုပ်မဲ့ ဒီဇာတ်လမ်းကို ဒါရိုက်တာ ညွန့်မြန်မာညီညီမောင် ရိုက်ကူးတင်ဆက်ပြီး သရုပ်ဆောင် မင်းသား၊ မင်းသမီး (၄)ဦး စလုံးဟာဆိုရင် လတ်တလောအနုပညာလောကမှာ အောင်မြင်ကျော်ကြားလူသိများတဲ့ သူတွေချည်းဖြစ်တာကြောင့် သူတို့ တစ်ဦးချင်းစီရဲ့ ပရိသတ်တွေကတော့ အရမ်းကို အားပေးဖို့ မျှော်လင့်နေကြပါတယ်။

ဧည့်သည် ဆိုတဲ့ ဒီရုပ်ရှင်ဇာတ်လမ်း လေးကို ရိုက်ကူးနေဆဲမို့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေတချို့ကို ပရိသတ်တွေ သတိထားမိမှာပါ။ရိုက်ကွင်းမှာ သာမာန်ထက်မထူးခြားတဲ့ပုံလေးတွေ ဆိုပေမဲ့ အားလုံးကိုရယ်မောအောင် လုပ်ပေးလိုက်တဲ့ စာတိုလေးတွေနဲ့ ရိုက်ကွင်းအမှတ်တရ ပုံလေးတွေကို ရွှေမှုန်ရတီ တစ်ယောက် Facebook ကနေ မျှဝေလိုက်ပါတယ်။

ပုံထဲမှာ အဆိုတော်၊ မင်းသား ရွှေထူး နဲ့ နှစ်ယောက်တည်း အခန်းတွေကို သီးသန့် အရင်ရိုက်ကူးနေပြီး ရိုက်ကွင်းပေါ်က အမှတ်တရ ပုံလေးတချို့ကို ကိုမော်ကြီး (ခေါ်) အောင်ဆန်းမော် ဆိုတဲ့ ရှူတင်မန်နေဂျာ အကိုကြီးက အရွန်းဖောက်ပြီး ပုံမှာ စာတိုလေးတွေ ထည့်လိုက်တာဖြစ်ပါတယ်။ ပုံလေးတွေကို ကြည့်လိုက်တိုင်း ပြုံးမိလောက်အောင် တစ်ယောက်တမျိုးစီ စာတိုလေးတွေနဲက ချစ်စရာကောင်းနေပါတော့တယ်။အချေ မင်းသမီးလေး ရွှေမှုန်ရတီ ကို ရယ်မောစေခဲ့တဲ့ အမှတ်တရပုံလေးတွေကို ပြန်လည်မျှဝေလိုက်ရပါတယ်။

source: Shwe Mhone Yati ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။