အနုပညာလောကမှာ လူတိုင်းချစ်ရတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဟာသသရုပ်ဆောင်ကျော်ထူးကတော့ သူရဲ့ ထူးခြားတဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ နှာခေါင်းလေးနဲ့ နာမည်ကျော်ကြားသူပဲ ဖြစ်ပါတယ်။အနုပညာလမ်းကြောင်းပေါ်မှာ ဆယ်စုနှစ်မက လျောက်လှမ်းလာတဲ့ ကျော်ထူးကတော့ယနေ့ အထိ ပရိသတ်ချစ်ခင်အားပေးနေရတဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေဆက်လက်လုပ်ကိုင်ရင်း ပရိသတ် တွေအတွက် အသစ်သစ်သောအနုပညာတွေ တင်ဆက်နိုင်ဖို့ ကြိုးစားလျက်ရှိတာပဲ ဖြစ်ပါတယ်။  

ဒီတစ်ခေါက်မှာတော့ ကျော်ထူးတစ်ယောက် မိသားစုနဲ့ ပြုခဲ့တဲ့ အလှူလေးတစ်ခုပြုခဲ့တဲ့ ကုသိုလ်အလှူလေးကိုလည်း ပရိသတ်တွေအတွက် မျှေ၀ ပေးချင်ပါတယ်။ကျော်ထူးကတော့ မိသားစုနဲ့ ခရီးတွေထွက်ရင်း ရွှေဝယ်မြို့လေးမှာ မိသားစုဝါဆိုသင်္ကန်း အလှူလေးပြုခဲ့ပါတယ်။သူတို့မိသားစုအလှူပြုမှုမှတ်တမ်းလေးကိုလည်း ကျော်ထူးရဲ့ လူမှုကွန်ယက်မှာ"ဝါဆိုသင်္ဏန်းအတွက်ရွှေဝယ်သို့ခရီးဆက်ခဲပြန်ပါပြီ"ဆိုတဲ့စာလေးနဲ့ အတူမျှဝေထားတာပဲ ဖြစ်ပါတယ်။ 

ကျော်ထူးတို့မိသားစုလေးကတော့ ချိန်ချိန်သဲအလှူကြီးပေးခဲ့တာမဟုတ်ပေမယ့်လည်း ရင်ထဲကလာတဲ့စေတနာသဒ္ဒါတရားကိုအရင်းခံလို့ တက်နိုင် သလောက်လေးလှူဒါန်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ဗုဒ္ဓဘာသာအယူမှာလည်း ညောင်စေ့လောက်လှူပေမယ့်လည်း ကြည်လင်သန့်ရှင်းတဲ့ ထက်သန်သောသဒ္ဒါတရားတို့ကြောင့် ညောင်ပင်ကြီးလောက်ကုသိုလ်ရတယ်ဆိုတဲ့အတိုင်း ကျော်ထူးတို့မိသားစုလေးရဲ့မိသားစုအလှူလေးကလည်း မွန်မြတ်လှတာကြောင့် ကုသိုလ်တွေအများကြီးရလိုက်မှာပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးကလည်း ကျော်ထူးတို့ရဲ့ မိသားစုအလှူလေးကို သာဓုခေါ်ဆိုလိုက်ကြပါအုန်းနော်။

သတင်းအရင်းအမြစ် - ကျော်ထူး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။