JBJ Entertainment နဲ့ 0316 Entertainment တို့ပူပေါင်းတင်ဆက်မှု အောက်က Rose Quartz ရဲ့ ပွဲဦးထွက် "Realize " သီချင်းထွက်ပြီး ထိုင်းမှာကော မြန်မာနိုင်ငံမှာ ပါ ပရိသတ်တွေ အခိုင်အမာ ရရှိခဲ့ပါတယ်။ နောက်ထပ် ထွက်ရှိလာတဲ့ "Ra Ba pam pam" သီချင်းဟာလည်း အရမ်းကို အောင်မြင်မှု ရရှိခဲ့ပြီး ပရိသတ်တွေ ကြိုက်နှစ်သက်လောက်တဲ့ အကအလှတွေနဲ့ တင်ဆက်ထားတာဖြစ်ပါတယ်။
အရမ်းချစ်စရာကောင်းပြီး သွက်လက်ထက်မြက်တဲ့ လူငယ် မိန်းကလေး (၅)ဦးပါဝင် ဖွဲ့စည်းထားခဲ့ပြီး ထူးခြားချက်ကတော့ ကိုရီးယားလူမျိုး၊ မြန်မာလူမျိုး နဲ့ ထိုင်းလူမျိုး စသဖြင့် ချစ်စရာကောင်းတဲ့ မိန်းမလှလေးတွေ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။Nay Chi(Myanmar),Sung Shin (Korea), Earn (Thai)နဲ့ Eing (Thai), Cindy (Myanmar) အချောအလှ အဖွဲ့ဝင်ငါးယောက်ဖွဲ့စည်းထားတဲ့ K-pop Girl group လေး ဟာဆိုရင် လတ်တလော မှာ ယောကျ်ားလေးကော မိန်းကလေးပါ လူစိတ်ဝင်စားမှု ရရှိနေတဲ့ အဖွဲ့လေးဖြစ်ပါတယ်။
အခုဆိုရင်တော့ ထိုင်းမှာသာမက မြန်မာနိုင်ငံမှာပါ ပရိသတ် အခိုင်အမာရရှိပြီး အောင်မြင်အောင် ထိုးဖောက်နိုင်ခဲ့တာမို့ Rose Quartz အဖွဲ့လေးကတော့ဂီတလောကမှာ မှတ်တိုင်တစ်ခု စိုက်ထူလိုက်နိုင်ပြီ ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့ ကိုရီးယားမလေး Sung Shin ဟာဆိုရင်လည်း မြန်မာလူမျိုးတွေ က ချစ်စရာကောင်းပြီး မြန်မာကောင်လေးတွေကလည်း အလွန်ကို ဆွဲဆောင်မှု ရှိတယ်လို့ ဆိုလိုက်ပါတယ်။ ခု သူတို့ အဖွဲ့လေးရဲ့ ချစ်စရာကောင်းတဲ့ အလှပုံလေးတွေ ထွက်ပေါ်လာပြီး Rose Quartz ကို ချစ်တဲ့ ပရိသတ် တစ်ဦးချင်းစီ အတွက် ချစ်စရာကောင်းတဲ့ သူတို့ ပုံလေးတွေကို ပြန်လည် မျှဝေလိုက်ရပါတယ်။
source: Rose Quartz ;
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။