မန္တလေးသား J-fire တစ်ယောက် "တပင်ရွှေထီး" သီချင်း Album တွေနဲ့ အောင်မြင်မှုရရှိခဲ့ပြီး ပရိသတ်တွေ အခိုင်အမာရရှိခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ Mini Album " ကောက်ရိုးလေး တမျှင်" သီချင်းဟာ သူ့ရဲ့ ဘဝ ဇာတ်လမ်းကို အခြေခံလို့ သီချင်းစပ်ဆို ရေးသားထားပြီး ကြည့်ရှူသူ အများအပြား ရရှိခဲ့ပါတယ်။


ဘဝပေးအခြေအနေကြောင့် အောက်ခြေသုည ဘဝကနေ အဆိုတော်တစ်ယောက်ဖြစ်အောင် ကြိုးစားလာခဲ့တဲ့ အောင်ကိုငြိမ်း ခေါ် J-fire တစ်ယောက် ကြိုးစားမှုတွေ ၊ပင်ပန်းမှုတွေနဲ့ အသားကျနေလောက်ပါပီနော်။ J-fire ဟာ အရင်က ခပ်ဝဝ ပုံစံလေးနဲ့ ဖြစ်ပြီး 2017 ခုနှစ်လောက်ကတည်းက Body-Transformation programနဲ့ Gym ဆော့နေတာ တနှစ်လောက်ရှိပါပြီ။



တစ်နှစ်အတွင်း တိကျသေချာတဲ့ Training တွေနဲ့ တကွ Gymကြိုးစားကစားခဲ့ပြီး 2017နဲ့ 2018 ခုနှစ်အတွင်း ခန္ဓာကိုယ်အချိုးအစား လုံးဝ အရမ်းကွာခြားသွားခဲ့ပါတယ်။ နတ်ရေကန်ထဲကို ခုန်ချလိုက်သလို Before နဲ့ After ပုံဟာ ဘာမှ မသက်ဆိုင်တဲ့ လူနှစ်ယောက်လို J-fire တစ်ယောက် လုံးဝ ယောကျာ်းပီသတဲ့ ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်နေပါပြီ။ ယခုဆိုရင် ပျိုမေတွေ ဝန်းရံနေရတဲ့ ခပ်မိုက်မိုက် ယောကျာ်းပီသတဲ့ အချိုးအစားနဲ့ J-fire တစ်ယောက် ဘယ်လို သီချင်းတွေနဲ့ တင်ဆက်ဦးမလဲ ဆိုတာ အားပေးလိုက်ကြပါဦးနော်။
source: Aung Ko Nyein ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။